3 ရက် - ဘာသာပြန်ပါ။

တာချီလိတ်တွင် Online လိမ်လည်လောင်းကစားမှုလုပ်ကိုင်သည့် တရုတ်နိုင်ငံသား(၂၉၇)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၃၉၃)ဦးဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင် (၂) ရပ်ကွက်၊ မယ်ခေါင်(၂)လမ်းရှိ "အပြည်ပြည်ဆိုင်ရာ"ဟိုတယ်အတွင်းမှ တရားမဝင် Online လိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား(၂၉၇)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၃၉၃)ဦးကို ယနေ့ မတ် ၃ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ယင်းဟိုတယ်အတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား/အမျိုးသမီး(၂၉၇)ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား/အမျိုးသမီး(၃၈)ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား/အမျိုးသမီး(၅၇)ဦး၊ ဖိလစ်ပိုင်နိုင်ငံသူ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ကွန်ပျူတာ(၁၇၄)လုံး၊ CPU (၇၀)လုံး၊ StarLink (၉)လုံး၊ ဖုန်းမျိုးစုံ(၂၃၃)လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ဆက်စပ်ပစ္စည်းများကိုလည်း ထပ်မံအသုံးပြုနိုင်ခြင်း မရှိစေရန် စနစ်တကျဖျ-က်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

image