3 ရက် - ဘာသာပြန်ပါ။

နွေနှမ်းဧက ၁၇,၀၀၀ ကျော်အတွက် ရေစတင်ပေးဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၌ လာမည့် ၂၀၂၅ -၂၀၂၆ ခုနှစ် နွေနှမ်းဧက ၁၇၁၃၅ ဧက အတွက် မတ် ၁ ရက်မှ စတင်ပြီး အိုင်းမဆည်ရေမှ စတင်ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးရာသီအတွက် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူများအတွက် နွေသီးနှံအပါအဝင် ရာသီအလိုက် ဖြန့်ဖြူးပေးနေခြင်းလည်း ဖြစ်သည်။

ဆည်ရေအလေအလွင့်မရှိစေရန် မိရိုးဖလား ရေသွင်းစနစ် ကွက်ဆင့်သောက် စနစ်ကို မကျင့်သုံးဘဲ လယ်ကြားမြောင်းများ တူးဖော်၍ ဆည်ရေကို လိုအပ်သည့်ချိန် လိုသည့်နေရာ၌ စနစ်တကျ ရယူသုံးစွဲ တတ်ရန်နှင့် တောင်သူအသိပညာပေးခြင်း ရေအသုံးချပေးဝေမှုနှင့် သက်ဆိုင်သည့် ပိုစတာများကိူလည်း လမ်းဆုံများနှင့် ဆည်မြောင်း ပေါင်ထိပ်များတွင် စိုက်ထူပြသပေးထားကြောင်းလည်း သိရသည်။

image