ဆယ်လအတွင်း ၃ ကြိမ် ထုတ်ပယ်ခြင်းခံလာရတဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်း
===================
ပရီးမီးယားလိဂ်နည်းပြဟောင်းတစ်ဦးဟာ ဆယ်လအတွင်းတွင် သုံးကြိမ်မြောက် ထုတ်ပယ်ခြင်းခံလာရပါတယ်။

ရူဘင်ဆဲလ်လက်စ်ဟာ စပိန်ဒုတိယတန်းကလပ် ဇာရာဂိုဇာကို ၅ လကြာ ကိုင်တွယ်ပြီးနောက် ထုတ်ပယ်ခြင်းခံလာရမှုနှင့်အတူ ၁၀ လအတွင်းတွင် ၃ ကြိမ်မြောက် ထုတ်ပယ်ခြင်းခံလာရပါတယ်။

အသက် ၄၂ နှစ်ရှိ ဆဲလ်လက်စ်ဟာ အောက်တိုဘာလတုန်းက အီမီလီယာနိုလာရက်ဇ်နေရာတွင် အစားထိုး ခန့်အပ်ခြင်းခံခဲ့သူပါ။

ဒါပေမယ့် သူဟာ ဇာရာဂိုဇာအား ၂၁ ပွဲ ကိုင်တွယ်ရာမှာ ၅ ပွဲတည်းသာ အနိုင်ရအောင် စွမ်းဆောင်နိုင်ပြီးနောက် ထုတ်ပယ်ခြင်းခံလာရပါတယ်။

ဆဲလ်လက်စ်ဟာ ဇာရာဂိုဇာမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ၂၉၁ ရက်အတွင်းတွင် တတိယအကြိမ်မြောက် ထုတ်ပယ်ခြင်းခံလာရပါတယ်။

သူဟာ ပြီးခဲ့တဲ့ မေလတုန်းက ဟားလ်စီးတီးကို ၂၈ ပွဲကိုင်တွယ်ရာမှာ ၁၁ ပွဲတည်းသာ အနိုင်ရအောင် စွမ်းဆောင်ပြီးနောက် ထုတ်ပယ်ခံခဲ့ရပါတယ်။ ယင်းမတိုင်မီ သူဟာ စက်တင်ဘာလတုန်းက ရှက်ဖီးလ်ယူနိုက်တက်ကို ၃ လ ကိုင်တွယ်ရာမှာ ၁ ပွဲတည်းသာ အနိုင်ရအောင် စွမ်းဆောင်နိုင်ပြီးနောက် ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

image