ချန်ပီယံရှစ်သို့ တန်းဆင်းရလျှင် လုပ်ခများစွာ လျှော့ချခြင်းခံလာရမယ့် စပါးစ်စတားများ
=====================
စပါးစ်စတားများဟာ ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းရမည်ဆိုပါက လုပ်ခများစွာ လျှော့ချခြင်းခံလာရပါမယ်။

စပါးစ်ဟာ ဒါနီရယ်လီဗိုင်းလက်ထက်တုန်းက အသင်းသို့ ခေါ်ယူထားတဲ့ ကစားသမားများရဲ့ စာချုပ်အတွင်းတွင် တန်းဆင်းရပါက လုပ်ခလျှော့ယူရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားခဲ့တာပါ။

The Athletic ရဲ့ ဖော်ပြလာမှုအရ စပါးစ်စတားများဟာ တန်းဆင်းရလျှင် ပေါင်ထောင်ပေါင်းများစွာ လုပ်ခလျှော့ယူလာရမယ်လို့ သိရပါတယ်။

ကစားသမားအများစုတို့မှာ တန်းဆင်းရလျှင် လုပ်ခ ၅၀ ရာခိုင်နှုန်းဝန်းကျင်အထိ လျှော့ယူရပါမယ်။

ဒါနီရယ်လီဗိုင်းခေတ်အလွန်တွင် ခေါ်ယူထားတဲ့ ကော်နာဂယ်လာဂါနှင့် ဆူဇာတို့မှာမူ လုပ်ခလျှော့ချခြင်းခံရမယ့်အရေးမှ လွတ်မြောက်လာဖို့ ရှိပါတယ်။

စက်တင်ဘာလတုန်းက စပါးစ်ဥက္ကဌရာထူးမှ ထွက်ခွာခဲ့တဲ့ ဒါနီရယ်လီဗိုင်းဟာ တန်းဆင်းရတဲ့အခြေအနေမျိုး ကြုံလာရပါက အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို ကာကွယ်ရန်အတွက် ကစားသမားများရဲ့ စာချုပ်အတွင်းတွင် တန်းဆင်းရလျှင် လုပ်ခလျှော့ယူရမယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားခဲတာပါ။

စပါးစ်ဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် တန်းဆင်းရဖူးခြင်း မရှိသေးတဲ့ အသင်း ၆ သင်းစာရင်းဝင် အသင်းဖြစ်ပြီး ဒုတိယတန်းတွင် မကစားခဲ့တာ နှစ်ပေါင်း ၅၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုရာသီမှာတော့ စပါးစ်ဟာ ကြီးမားတဲ့ အပြောင်းအလဲ ကြုံလာရနိုင်ခြေ ရှိနေပါတယ်။

စပါးစ်ဟာ ရာသီသိမ်းရန် ၁၀ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် တန်းဆင်းဇုန်နှင့် ၄ မှတ်အကွာတွင်သာ ရပ်တည်နေပြီး ၂၀၂၆ ခုနှစ်အတွင်းတွင် နိုင်ပွဲ ရဖူးခြင်း မရှိသေးပါဘူး။

စပါးစ်ဟာ သောမတ်စ်ဖရန့်ကို ထုတ်ပယ်လိုက်ပြီးနောက် အိုင်ဂေါ်ကျူဒိုကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပေမယ့်လည်း ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။

image