ဒူးအဆစ်လွဲ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလာမှာ မဟုတ်တဲ့ ဘက်ပေး
=================
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကိုင်လီယန်ဘက်ပေးမှာ ဖက်ဘယ်ဒူးအဆစ်လွဲ ဒဏ်ရာရရှိနေတာ ဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူလာမှာ မဟုတ်ကြောင်း သိရပါတယ်။
အသက် ၂၇ နှစ်ရှိ ဘက်ပေးဟာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဘယ်ဖက်ဒူးဒဏ်ရာပြဿနာ ကြုံလာခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြန် ကစားလာနိုင်ခဲ့ပေမယ့်လည်း လေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးဒဏ်ရာထပ်မံ ရရှိကာ ဘင်ဖီကာနှင့်ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်ကတည်းက အနားယူလာခဲ့ရပါတယ်။
သူဟာ ယင်းနောက်ပိုင်းတွင် ပဲရစ်သို့ ရီးရဲလ်မက်ဒရစ်ဆေးဖက်ဆိုင်ရာအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကာ ဆေးစစ်ဆေးမှုများ ခံယူခဲ့ပါတယ်။
ဘက်ပေးဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ၃၃ ပွဲကစားထားရာမှာ ၃၈ ဂိုးအထိ သွင်းယူထားသူ ဖြစ်ပြီး နောက်ထပ် ရက်သတ္တပတ်အတန်ကြာတွင် ပြန်ကစားနိုင်မယ်လို့ ယုံကြည်ရပါတယ်။