ဒုံးကျည် ၁၇၈ စင်းနှင့် ဒရုန်း ၃၈၄ စင်းကို ကူဝိတ်ကြားဖြတ်ဟန့်တား
----------------------------

မတ်လ ၂ ရက်က အီရန်ပစ်ခတ်လာတဲ့ ဒုံးကျည် ၁၇၈ စင်းနဲ့ ဒရုန်း ၃၈၄ စင်းတို့ကို ကူဝိတ်က ကြားဖြတ်ဟန့် တားနိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ ကူဝိတ်သတင်းဌာနက ဖော်ပြထားတာကို ကိုးကားပြီး Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အီရန်တိုက်ခိုက်မှုကြောင့် ကူဝိတ်တပ်သား ၂၇ ယောက် ဒဏ်ရာရရှိခဲ့ပေမယ့် လက်ရှိမှာ အခြေအနေတည်ငြိမ်ပြီး ကုသမှုခံယူနေကြောင်း ကူဝိတ်ကာကွယ်ရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ ပါတယ်။ အီရန် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားဆိပ်ကမ်းတစ်ခုရှိ ယာယီစစ်ဆင်ရေးစင်တာကို ထိမှန်ခဲ့ကြောင်း ကူဝိတ်ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။ အာရပ်ပင်လယ်ကွေ့ဒေသက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဟာ အီရန်ရဲ့ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန်ခံစားနေရတယ်လို့ CNN သတင်းမှာဖော်ပြ ထားပါတယ်။

image