အီရန်စစ်ပွဲအတွင်း အရပ်သား ၇၅၀ နီးပါး သေဆုံး
-------------------------
စစ်ပွဲစတင်ကတည်းက အီရန်မှာ အရပ်သား ၇၄၂ ကျော်သေဆုံးခဲ့တယ်လို့ အီရန်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံ စာထုတ်ပြန်ချက်ကိုကိုးကားပြီး CNN သတင်းမှာဖော်ပြထားပါတယ်။ မတ် ၂ ရက် မွန်းလွဲပိုင်းအထိ အီရန်မှာ အရပ်သား အနည်းဆုံး ၇၄၂ ယောက်ကျော်သေဆုံးခဲ့ပြီး အဲဒီထဲမှာ ကလေးငယ် ၁၇၆ ယောက်ပါဝင်တယ်လို့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကပြောထားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းကလည်း အနည်းဆုံး ၈၅ ယောက်သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေကပြော ခဲ့ပြီး နောက်ထပ် ရာနဲ့ချီတဲ့ သေဆုံးမှုတွေကိုလည်း အတည်ပြုနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ခိုက်ခံ ခဲ့ရတဲ့ စစ်ဘက်ပစ်မှတ်တွေထဲမှာ အနောက်ပိုင်းမြို့ ဆန်နန်ဒါ့ဂျ်မှာရှိတဲ့ ကာဒစ်စတန်ဥပဒေစိုးမိုးရေးဌာနချုပ်နဲ့ ကာဒစ်စတန်နယ်ခြားစောင့်တပ်ကွပ်ကဲရေးဌာနတို့ ပါဝင်ကြောင်း HRANA က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အီရန် ဟာ သူတိုက်ခိုက်ခံရရင် ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ ဘယ်နိုင်ငံကိုမဆို လက်စားချေ မယ်လို့ ပြောကြားထားပါတယ်။