လူပုဂ္ဂိုလ်၁၁၅ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များဆက်လက်ချီးမြှင့်
----------------------------------

နိုင်ငံတော်ယာယီသမ္မတက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြတဲ့ လူပုဂ္ဂိုလ် ၁၁၅ဦးကို ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ၂ရက်မှာ အမိန့်ဆက်လက်ထုတ်ပြန်ပါတယ်။

အဲဒီလိုချီးမြှင့်ရာမှာ သရေစည်သူဘွဲ့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ကို ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

အဲဒီအပြင် ဝဏ္ဏကျော်ထင်ဘွဲ့ကို ဒုတိယဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ စုစုပေါင်း ၁၁၂ဦးကို ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်ယာယီသမ္မတအနေနဲ့ လူပုဂ္ဂိုလ် ၃၀၃ဦးကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်လိုက်ကြောင်း မတ်လ၂ရက် မနက်ပိုင်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

image