မြတ်မော်တင်စွန်းစေတီ ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ ကျင်းပ
----------------------------------

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့မှာ တည်ထားကိုးကွယ်တော်မူတဲ့ ရှေးဟောင်းသမိုင်းဝင် မော်တင်စွန်းစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲအခမ်းအနားကို မတ်လ၂ရက် မနက်၉နာရီက စေတီတော်မှာ ကျင်းပပါတယ်။

ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်တွေနဲ့ ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေက နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားအားဖွင့်လှစ်ကာ ရေနောက်အိုင်ဆရာတော်အရှင်သူမြတ်ထံကနေ ငါးပါးသီလ ခံယူဆောက်တည်ကြပါတယ်။

ဆက်လက်ပြီး ရန်ကုန်မြို့ ကုစ္ဆာသယကျောင်းဆရာတော်က အနုမောဒနာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တွေက မေတ္တာသုတ်ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော်ကြပါတယ်။

အဲဒီနောက် သံဃာတော်အရှင်သူမြတ်နဲ့ သီလရှင်တို့ကို ဆွမ်းဆန်စိမ်းတွေလောင်းလှူခဲ့ကြပါတယ်။
ဒါ့အပြင် ဘုရားဖူးလာရောက်တဲ့သူတွေကို စတုဒိသာထမင်းနဲ့ဟင်းတွေ ကျွေးမွေးလှူဒါန်းတယ်လို့ သိရပါတယ်။၊

image