၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သန်လျင်မင်းကျောင်းဆရာတော်ကြီးကို နိုင်ငံတော် ယာယီသမ္မတမှ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များဆက်ကပ်

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအား ယနေ့ မတ် ၂ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသည့် ၂၀၂၆ ခုနှစ်၊ သာသ နာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်အပူဇော်ခံယူတော်မူမည့် ပြည်တွင်း/ပြည်ပဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်ဆရာကြီးများကြွရောက်တော်မူခဲ့ကြသည်။

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေး ချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ကြည် ညိုပြီး သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ သန်လျင်မင်းကျောင်းဆရာတော်ကြီးအား နိုင်ငံတော်ယာ ယီသမ္မတမှ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ မဟာဂန္ဓာရုံကျောင်း တိုက်ဆရာတော်ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အ ယောင်များ၊ နိုင်ငံတော်ယာယီသမ္မတ၏ ဇနီးက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ သမိဒ္ဓေါဒယသီရှင်စာသင်တိုက် သီလရှင်ဆရာကြီးထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် တာဝန်ရှိသူများမှလည်း ဘွဲ့ တံဆိပ်တော်နှင့် အဆောင်အယောင်များကို အသီးသီးဆက်ကပ်ပူဇော်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရဘွဲ့ရရှိသည့် ဦးကျော်စိုးဝင်း(ခ)ဦးခန့်စည်သူ၊ သီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိသည့် ဦးဇော်လတ်နှင့် ဦးတင်မောင်ဝင်းတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ၊ နိုင်ငံတော်ယာယီသမ္မတ၏ ဇ နီးမှ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့၊ သီရိသုဓမ္မသိင်္ဂီဘွဲ့၊ သီဟသုဓမ္မသိင်္ဂီဘွဲ့ရရှိသူများအား ဘွဲ့တံဆိပ်နှင့် အ ဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။

ထိုသို့ ချီးမြှင့်အပ်နှင်းပြီးနောက် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဒ့ကြပြီးနောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများ၊ အလှူရှင်များက ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ်ခံယူတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်း နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လောင်းလှူခဲ့ကြသည်။

image