1 ပတ် - ဘာသာပြန်ပါ။

AI နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းရမည်

နိုင်ငံတော်မှလည်း ကြိုးပမ်းအားထုတ်ပေးနေဟု နိုင်ငံတော် ယာယီသမ္မတပြော

AI နှင့် Digital Technology များကြောင့် အနာဂတ်တွင် ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းရမည်ဖြစ်ကာ နိုင်ငံတော်မှလည်း ကြိုးပမ်းအားထုတ်ပေးနေသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော် ယာယီသမ္မတမှ ယနေ့ မတ် ၂ ရက်တွင်ကျရောက်သည့် (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်သို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ယခင်က ရိုးရာနည်းစနစ်များအပေါ်တွင်သာအဓိကအခြေခံခဲ့သော်လည်း ယခုအခါ AI နှင့် Digital Technology များကြောင့် အနာဂတ်တွင်ခေတ်မီစိုက်ပျိုးရေးစနစ်အသွင်ကူးပြောင်းဆောင်ရွက်ရမည်ဟု ပြောသည်။

"တောင်သူကြီးများအနေဖြင့် မျိုးစေ့ချချိန်ကနေ ရိတ်သိမ်းချိန်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ AI အခြေပြု Application တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ရင် စမတ်ဖုန်းနဲ့ သီးနှံအရွက်ကိုဓာတ်ပုံရို-က်ရုံနဲ့ ကျရောက်နေတဲ့ ပိုးမွှားရောဂါတွေကို စက္ကန့်ပိုင်းအတွင်း တိကျစွာဖော်ထုတ်ပြီး ထိန်းချုပ်နိုင်ခြင်း၊ ဒေသအလိုက် မိုးလေဝသခန့်မှန်းချက်တွေအပေါ်အခြေခံပြီး ရေသွင်းခြင်းနဲ့ ဆေးဖျန်းခြင်းလုပ်ငန်းတွေကိုစနစ်တကျစီမံနိုင်တဲ့ အကျိုးကျေးဇူးများတွေရရှိနိုင်မှာဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထို့ပြင် တောင်သူများကြား ဒစ်ဂျစ်တယ်အသိပညာမြင့်မားလာခြင်းနှင့်အတူပညာရှင်များနှင့် တို-က်ရို-က်ထိတွေ့ဆွေးနွေးနိုင်ခြင်း၊ ရေဒီယိုနှင့် တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်းတို့မှတစ်ဆင့် ဝန်ဆောင်မှုများပေးနိုင်ခြင်း၊ နည်းပညာပေးလက်ကမ်းစာစောင်များရှိ QR Code များမှတစ်ဆင့် အလွယ်တကူကြည့်ရှုနိုင်ခြင်းတို့ကြောင့် အသိပညာပြန့်ပွားမှု ထိရောက်မြန်ဆန်လာမည်ဟု ပြောသည်။

ထို့ကြောင့် AI နည်းပညာနှင့် ဒစ်ဂျစ်တယ်အသိပညာများတိုးတက်မြင့်မားသုံးစွဲနိုင်ရန် နိုင်ငံတော်မှကြိုးပမ်းအားထုတ်ပေးနေသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image