ပရီးမီးယားလိဂ်စံချိန်ကို လိုက်မီသွားပြီးနောက် မိုက်ကယ်ကာရစ်နှင့်ပတ်သက်ပြီး ခေါင်းခဲလာတဲ့ ယူနိုက်တက်
==================
မိုက်ကယ်ကာရစ်ဟာ ပဲလေ့စ်အား အနိုင်ယူကာ ပရီးမီးယားလိဂ်စံချိန်စာရင်းဝင်လာမှုနှင့်အတူ ယူနိုက်တက်စီနီယာအကြီးအကဲများအတွက် ခေါင်းခဲစရာ ဖြစ်လာပြီလည်း ဖြစ်ပါတယ်။

မိုက်ကယ်ကာရစ်ဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ ခန့်အပ်ခြင်းခံလာရသူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ၉ ပွဲ ကိုင်တွယ်ရာတွင် တာထွက်ကောင်းလာမှုနှင့်အတူ ပရီးမီးယားလိဂ်သမိုင်းတွင် တာထွက်အကောင်းဆုံးနည်းပြအဖြစ် ပူးတွဲ ရပ်တည်လာပါတယ်။

မိုက်ကယ်ကာရစ်ဟာ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ၉ ပွဲကိုင်တွယ်ရာတွင် ရမှတ် ၂၃ မှတ်ရရှိကာ စပါးစ်နည်းပြဟောင်းအန့်ပိုစတီကိုဂလူနှင့်အတူ တာထွက်အကောင်းဆုံးနည်းပြအဖြစ် ရပ်တည်လာပါတယ်။

ယူနိုက်တက်ဟာ ပဲလေ့စ်ကို ၂-၁ ဖြင့် အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာသို့အထိ တက်လှမ်းလာကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အခြေအနေကောင်းလာပါတယ်။

ဒါ့အပြင် မိုက်ကယ်ကာရစ်ဟာ အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်ယာယီနည်းပြအဖြစ် ၅ ပွဲ ကိုင်တွယ်ရာတွင် ၅ ပွဲလုံး အနိုင်ရထားသူအဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာပါတယ်။ အသက် ၄၄ နှစ်ရှိ ကာရစ်ဟာ ၁ ပွဲအား ယခင် ယာယီနည်းပြအဖြစ် ကိုင်တွယ်စဉ်တုန်းက အနိုင်ရရှိခဲ့တာပါ။

ကာရစ်ဟာ ယခင်တုန်းက ယူနိုက်တက်ယာယီနည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ဖူးပြီး ၂ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်အား ယာယီနည်းပြအဖြစ် ဒုတိယအကြိမ် ကိုင်တွယ်ရာတွင် ၇ ပွဲ ကိုင်တွယ်ထားရာမှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေရလဒ် ရယူထားနိုင်ပါတယ်။

ယခုကဲ့သို့ ရလဒ်ကောင်းများ ရယူထားနိုင်မှုနှင့်အတူ ယူနိုက်တက်တာဝန်ရှိသူများဟာ ရာသီအကုန်တွင် မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ဖိများအား ကျရောက်နေပါတယ်။

ယူနိုက်တက်ဟာ အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီအကုန်အထိ စာချုပ်ဖြင့် ခန့်အပ်ကာ အမြဲတမ်းနည်းပြ ခန့်အပ်ရေး ရှာဖွေနေပါတယ်။

တဖက်တွင် ယူနိုက်တက်ရဲ့ စီနီယာကစားသမားအမြောက်အမြားတို့က မိုက်ကယ်ကာရစ်အား နှစ်ရှည်စာချုပ်ဖြင့် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်စေလိုနေကြပါတယ်။

image