အသက် ၂၇ နှစ် အရွယ် ရောက်မှ ကားမောင်းဖို့ ယာဉ်မောင်းသင်တန်း တက်နေရတဲ့ ရီးရဲလ်မက်ဒရစ်စူပါစတားဘက်ပေး
=====================
ကိုင်လီယန်ဘက်ပေးဟာ စပိန်ရှိ ယာဉ်မောင်းသင်တန်းကျောင်းတွင် ယာဉ်မောင်းသင်တန်း တက်ရောက်နေပြီလည်း ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ပြင်သစ်စူပါစတားဟာ ပေါင် ၂ သန်းတန် စူပါကားအပြင် ကားများ ပိုင်ဆိုင်ထားပေမယ့်လည်း ကိုယ်တိုင် မမောင်းနှင်ဖူးပါဘူး။
ယခုအခါမှာတော့ ဘက်ပေးဟာ မက်ဒရစ်တောင်ပိုင်း အယ်ကော်ကွန်တွင် ယာဉ်မောင်းသင်တန်းတက်နေပြီလည်း ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပင် ဘက်ပေးကို ယာဉ်မောင်းသင်ပေးနေတဲ့သူက အက်သလက်တီကိုမက်ဒရစ်ပရိသတ် ဖြစ်နေပါတယ်။
ယင်းယာဉ်မောင်းသင်တန်းကျောင်းတွင် အက်သလက်တီကိုမက်ဒရစ်ကစားသမားဟောင်းများ၊ လက်ရှိ ကစားသမားများ ယင်းမောင်းလိုင်စင်ရယူခဲ့ရာ နေရာဖြစ်ပါတယ်။
Lara Driving School ဟာ ဘက်ပေး လာရောက် ယာဉ်မောင်းသင်တန်းတက်နေကြောင်း သိရပြီးနောက် ပရိသတ်များက ဖုန်းခေါ်ဆိုခြင်းများ ၊ အင်္ကျီတွင် အမှတ်တရလက်မှတ်ထိုးပေးရန် တောင်းဆိုမှုများ ခံနေရပါတယ်။
တဖက်တွင် ပရိသတ်များဟာ ယခုနှစ်တွင် အသက် ၂၈ နှစ်ပြည့်လာမယ့်အချိန်အထိ ယာဉ်မောင်းလိုင်စင် မရရှိဖူးတဲ့ ဘက်ပေးရဲ့ အခြေအနေအပေါ်တွင်လည်း အံ့ဩသင့်နေကြပါတယ်။
ဘက်ပေးဟာ စူပါစတားကစားသမားဖြစ်တာနဲ့အညီ တန်ဖိုးကြီးကားများ ပိုင်ဆိုင်ထားပေမယ့်လည်း ယာဉ်မောင်းလိုင်စင် မရှိမှုကြောင့် ကိုယ်တိုင်ကားများကို တခါမျှ မောင်းနှင်ဖူးခြင်း မရှိပါဘူး။
ယင်းနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုတွင် ဘက်ပေးက "ဒါက စောစောစီးစီး အောင်မြင်မှု ရလာမှုနဲ့ အားနည်းချက်တွေထဲက တစ်ခုပါ။ ပြောရရင် ကျွန်တော် ယာဉ်မောင်းလိုင်စင် မရှိတဲ့ ရိုးရှင်းတဲ့အရာလည်း ရှိပါတယ်။ လူတိုင်းမှာ ဒါတော့ ရှိကြမယ်ထင်တယ်။ လူတွေအများကြီး လိုင်စင်တော့ ယူထားကြတယ်။ ဒါပေမယ့် ကျွန်တော့်မှာတော့ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
ဘက်ပေးဟာ ယခုရာသီတွင်လည်း ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲ ၂၃ ပွဲ ကစားထားရာမှာ ၂၃ ဂိုးအထိ သွင်းယူထားကာ ဒုတိယမြောက် Pichichi Award ဆွတ်ခူးရေး အခြေအနေကောင်းနေပါတယ်။