1 ပတ် - ဘာသာပြန်ပါ။

လူမျိုးရေးခွဲခြားမှု ဖြစ်ပျက်မှုကြောင့် လာလီဂါပွဲအား ရပ်ဆိုင်းခဲ့ရ
===================
တနင်္ဂနွေနေ့ညတုန်းက အယ်ချီနှင့် အက်စ်ပန်ညိုပွဲစဉ်တွင် ပွဲအတွင်း လူမျိုးရေးခွဲခြားမှု ဖြစ်ပျက်ခဲ့မှုကြောင့် ပွဲကို ၃ မိနစ်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင် အက်စ်ပန်ညိုရဲ့ အိုမာအယ်ဟီလ်လာလီက အယ်ချီရဲ့ ရာဖာမားရဲ့ လူမျိုးရေးခွဲခြားမှု ခံခဲ့ရကြောင်း ဒိုင်လူကြီးကို အသိပေးလိုက်ပါတယ်။ ယင်းနောက်မှာတော့ ဒိုင်လူကြီးဟာ ယူအီးအက်ဖ်အေရဲ့ လူမျိုးရေးခွဲခြားမှု လမ်းညွှန်ချက်အတိုင်း ပွဲကို ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

အထက်ပါ အဖြစ်အပျက်မှာ ပွဲချိန် ၇၈ မိနစ်တွင် ဖြစ်ပျက်ခဲ့တာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအရ ဒိုင်လူကြီးအနေဖြင့် ကစားသမားတစ်ဦးက လူမျိုးရေးခွဲခြားခြင်းခံရကြောင်း သတင်းပို့ခြင်းခံရပါက ပွဲကို ရပ်ဆိုင်းကာ စတုတ္ထဒိုင်လူကြီးအား အကြောင်းကြားရပါမယ်။

အက်စ်ပန်ညိုဟာ အသက် ၂၂ နှစ်ရှိ စပိန်ဖွားမော်ရိုကိုလက်ရွေးစင်အယ်ဟီလာလီရဲ့ ဓာတ်ပုံကို "with you" ဆိုတဲ့ စာသားဖြင့် ပို့စ်တင်ကာ ထောက်ခံအားပေးမှု ပြုလုပ်ခဲ့ပါတယ်။

အယ်ချီက လူမျိုးခွဲခြားမှုအား ဆန့်ကျင်ကြောင်း ပို့စ်တင်သွားပေမယ့်လည်း သက်သေအထောက်အထားပြသရန် တောင်းဆိုသွားပါတယ်။

အဆိုပါပွဲစဉ်တွင် ရာဖာမားက ပင်နယ်တီမှ တဆင့် ဂိုးသွင်းခဲ့ကာ ၂ ဂိုးစီသရေကျခဲ့ပါတယ်။

image