3 ပတ် - ဘာသာပြန်ပါ။

နယူးကာဆယ်မှ ထွက်ခွာရေးနှင့်ပတ်သက်ပြီး ပြတ်သားစွာ ဆုံးဖြတ်လာတဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် ၃ ခုရဲ့ ပစ်မှတ် တိုနာလီ
====================
ဆန်ဒရိုတိုနာလီဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မတိုင်မီ နယူးကာဆယ်တာဝန်ရှိသူများအား သူ့အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ကတိပြုမှု ပြုလုပ်လာပါတယ်။

မီဒီယာများရဲ့ ဖော်ပြမှုအရ ဥရောပထိပ်သီးများရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ တိုနာလီက အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး သတင်းများ ထွက်ပေါ်နေပေမယ့်လည်း သူ့ဘက်က အသင်းမှ ထွက်ခွာရေး ကလပ်အပေါ် ဖိအားပေးလာမှာ မဟုတ်ကြောင်း ကတိပြုလာတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ တိုနာလီဟာ ဆောင်းရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့တုန်းက အာဆင်နယ်ရဲ့ အံ့ဩသင့်ဖွယ် ချဉ်းကပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

ယနေ့တွင် The Times ရဲ့ ဖော်ပြလာမှုအရ ဆန်ဒရိုတိုနာလီက အားကစားဒါရိုက်တာရို့စ်ဝီလ်ဆင်၊ နည်းပြအက်ဒီဟောင်းတို့နှင့် တွေ့ဆုံချိန်မှာ သူ့ဘက်က ကလပ်အပေါ်တွင် အပြည့်အဝ အာရုံစိုက်နေကြောင်း ကတိပြုလာပါတယ်။

တိုနာလီဟာ နယူးကာဆယ်နှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး လောင်းကစားမှုကြောင့် ၁၀ လပွဲပယ်ခံထားရစဉ်အတွင်း ကလပ်ရဲ့ အပြည့်အဝ ထောက်ခံအားပေးမှု ရရှိခဲ့ရာ ကလပ်အပေါ်တွင် ကျေးဇူးတင်နေသူလည်း ဖြစ်ပါတယ်။

ဆန်ဒရိုတိုနာလီကို အာဆင်နယ်အပြင် ချဲလ်ဆီး၊ ယူနိုက်တက်တို့ကလည်း အပြိုင် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးနည်းပြဂွါဒီယိုလာကလည်း အီတလီကွင်းလယ်ကစားသမားရဲ့ အာမခံပရိသတ်တစ်ဦး ဖြစ်နေပါတယ်။

တိုနာလီဟာ စီးရီးအေထိပ်သီး ဂျူဗင်တပ်ရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း အီတလီသို့ ပြန်ရန် ဆန္ဒမရှိပါဘူး။

၂၀၂၃ ခုနှစ်တွင် အေစီမီလန်မှ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာတဲ့ တိုနာလီဟာ ယခုရာသီတွင် နယူးကာဆယ်အတွက် ၂၈ ပွဲကစားထားကာ အရေးပါတဲ့ ကစားသမားအဖြစ် ကစားနေရသူ ဖြစ်ပါတယ်။

image