ဗဟန်းမြို့နယ်ရှိ ဆရာစံ (တောင်) ရပ်ကွက်ရှိ (၂) ထပ် နေအိမ်တစ်လုံး၌ မီးလေ-ာင်မှုဖြစ်
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံ (တောင်) ရပ်ကွက်ရှိ (၂) ထပ် နေအိမ်တစ်လုံးတွင် ယနေ့ မတ် ၂ ရက်မွန်းတည့် ၁၂ နာရီ ၅၂ မိနစ်ခန့်မှစတင်ကာ မီးလေ-ာင်မှုဖြစ်ပွားလျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဗဟန်းမြို့နယ်၊ ဆရာစံ (တောင်) ရပ်ကွက်၊ အနောက်ဗဟိုလမ်းရှိ (၂) ထပ် နေအိမ်တစ်လုံးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ တာမွေမြို့နယ်မီးသတ်စခန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်း၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မွန်းတည့် ၁၂ နာရီ ၁၁ မိနစ်ခန့်ကလည်း တိုက်ကြီးမြို့နယ်၊ အင်းကုလားရပ်ကွက်၊ ကညင်ဆန်းလမ်းတွင် ကိုင်းတောမီးလေ-ာင်မှုဖြစ်ပွား၍ တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
နံနက် ၁၂ နာရီ ၄ မိနစ်ခန့်ကလည်း ကျောက်တံတားမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ အထက်ဘလောက်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် မီးခိုးထွက်နေသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၂ နာရီ ၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
Photo- ရဲကြီး