လူသိနည်းတဲ့ စည်းမျဉ်းကြောင့် မိခင်ကလပ် လေဗာကူဆင်နှင့်ပွဲတွင် အာဆင်နယ်အတွက် ကစားနိုင်မယ့် ဟန်ကာပီ
=====================
အာဆင်နယ်ဟာ နောက်ခံလူပီရိုဟန်ကာပီအား မိခင်ကလပ်လေဗာကူဆင်နှင့် ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များတွင် အသုံးပြုလာပါမယ်။

အီကွေဒေါလက်ရွေးစင်ကစားသမားဟာ စက်တင်ဘာလတုန်းက လေဗာကူဆင်မှ နွေရာသီတွင် ပေါင် ၄၅ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့နိုင်မယ့်အချက်ဖြင့် တစ်ရာသီအငှားဖြင့် အာဆင်နယ်သို့ ရောက်လာခဲ့တာပါ။

အသက် ၂၄ နှစ်ရှိ ကစားသမားဟာ အာဆင်နယ်အတွက် ယခုရာသီတွင် ၂၄ ပွဲအထိ ကစားခွင့်ရထားကာ အရေးပါတဲ့သူအဖြစ် ကစားခွင့်ရနေသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရ အငှားဖြင့် လာရောက်ကစားနေတဲ့ ကစားသမားမှာ မိခင်ကလပ်နှင့်ပွဲတွင် ကစားခွင့် မရှိပါဘူး။ ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းမှာတော့ ယင်းသို့ မဟုတ်ပါဘူး။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွင် မည်သည့်ကလပ်ကမျှ ပြိုင်ဘက်အသင်းရဲ့ ကစားသမားရွေးချယ်မှုအပေါ်တွင် လွှမ်းမိုးချယ်လှယ်ခွင့် မရှိပါဘူး။

မိခင်ကလပ်က အငှားချထားတဲ့ ကစားသမားကို အသုံးပြု/အသုံးမပြုအား ချယ်လှယ်ခွင့် မရှိပါဘူး။

ဒါကြောင့်လည်း အာဆင်နယ်အနေဖြင့် မတ်လတွင် ကစားမယ့် လေဗာကူဆင်နှင့်ပွဲတွင် ဟန်ကာပီအား အသုံးပြုလာနိုင်ပါမယ်။

ယခုရာသီတွင် နီကိုလပ်စ်ဂျက်ဆင်မှာ မိခင်ကလပ် ချဲလ်ဆီးနှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် ကစားခဲ့သလို ကိုလိုမူအာနီမှာလည်း မိခင်ကလပ် ပီအက်စ်ဂျီနှင့်ပွဲတွင် စပါးစ်အတွက် ၂ ဂိုးသွင်းခဲ့ပါသေးတယ်။

မာကိုအဆန်စီယိုမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ကစားစဉ် မိခင်ကလပ် ပီအက်စ်ဂျီနှင့်ပွဲမှာ ပါဝင်ကစားခဲ့ပါသေးတယ်။

ကော်တင်ဟိုမှာလည်း ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားရောက်ကစားစဉ် ဂိုးမသွင်းခဲ့ပေမယ့် မိခင်ကလပ် ဘာစီလိုနာအား ချန်ပီယံလိဂ်မှ ထွက်ခွာရအောင် လုပ်ပြခဲ့ဖူးပါတယ်။

ယခု ခရစ္စတီယာနိုရော်နယ်ဒိုနှင့် Al-Nassr တွင် တွဲကစားနေတဲ့ ကင်စလေကိုးမန်းမှာလည်း ထိုစဉ်တုန်းက မိခင်ကလပ် ဂျူဗင်တပ်အား ဘိုင်ယန်မြူးနစ်တို့ အနိုင်ရအောင် ကူညီခဲ့ဖူးပါတယ်။

image