ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းလင်ဂတ်ကို ခေါ်ယူရန် ကိုရင်သီယန် ဆွေးနွေးနေ
==================
ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းဂျက်စီလင်ဂတ်ဟာ ဘရာဇီးကလပ် ကိုရင်သီယန်သို့ ၁၂ လစာချုပ်ဖြင့် ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

အင်္ဂလန်အလယ်တန်းကစားသမားဟောင်းဟာ ဒီဇင်ဘာလတုန်းက တောင်ကိုရီးယားကလပ် အက်ဖ်စီဆိုးလ်မှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ကစားသမားဟာ ဥရောပတလွှားကလပ်များနှင့် အမေရိကန်မေဂျာလိဂ်ကလပ်များရဲ့ ကမ်းလှမ်းမှု ရရှိထားပေမယ့်လည်း ကိုရင်သီယန်သို့ ပြောင်းရေးဆွေးနွေးမှုက တိုးတက်နေပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်အကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ၈ နှစ်တာကာလအတွင်းတွင် ၂၃၂ ပွဲကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်အသင်းအတွက် ၃၂ ပွဲကစားခွင့်ရခဲ့ကာ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက် အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘရာဇီးအမှတ်ပေးဖလားကို ၇ ကြိမ်ဆွတ်ခူးထားတဲ့ ကိုရင်သီယန်ဟာ ယခုရာသီ ရာသီအစ ၄ ပွဲတွင် ၇ မှတ်ရထားကာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

လင်ဂတ်ဟာ ကိုရင်သီယန်သို့ ပြောင်းရွှေ့ကစားပါက ယူနိုက်တက်ကစားဖော်ဟောင်းမမ်ဖစ်ဒီပေးနှင့် ပြန်လည်တွဲကစားခွင့် ရရှိလာပါမယ်။

image