ပုသိမ်မြို့တွင် ယနေ့မနက် ၂နာရီခန့်ကမီးလောင်မူကြောင့် နေအိမ် (၆)လုံး မီးလောင်ဆုံးရှုံးခဲ့

ပုသိမ်မြို့တွင် ယနေ့မနက် ၂နာရီခန့်ကမီးလောင်မူကြောင့် နေအိမ် (၆)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပုသိမ်ခရိုင်မီးသတ်စခန်းမှ သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၂၈ရက်၊ မနက်၂နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ စန္ဒာအေးလမ်းမကြီး၊ လန်ဘားလေးရပ်ကွက်၊ (၁)လမ်းတွင် လူနေအိမ် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၂နာရီခွဲ အချိန်တွင် မီးငြှိမ်းသတ်နိင်ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မူကြောင့် နေအိမ် (၆)လုံးမီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

image