မကြာမှီ သက်တော်(၈၉)နှစ်ပြည့်တော်မူမည့် သီတဂူဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အထိမ်းအမှတ် ဆွမ်း ဆန်စိမ်းလောင်းလှူမည်

သီတဂူဆရာတော်ကြီးသည် မကြာမှီအချိန်ကာလအ တွင်း၌ သက်တော်(၈၉)နှစ်ပြည့်တော်မူမည်ဖြစ်ရာ ဝိဇာတမွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များနှင့် သီလရှင်များကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီတွင် မတ် ၂ ရက်နံနက် ၆ နာရီ၌ သံဃာတော်များ၊ မတ် ၃ ရက်နံနက် ၆ နာရီ၌ သီ လရှင်များကိုလောင်းလှူသွားမည်ဖြစ်ကာ ဆရာတော်ကြီး၏ ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားကိုလည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား သ င်္ကန်း၊ ဆွမ်းဆန်၊ ဆီ အစရှိသော လှူဖွယ်ဝတ္ထုအစုစုတို့ကိုလောင်းလှူပူဇော်မည်ဖြစ်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္က သိုလ်(စစ်ကိုင်း)တွင် ပညာသင်ကြားနေကြသော (Ph.D, M.A, B.A, Diploma, English & Pali Language Classes) အတန်းများမှ သံဃာတော်များနှင့် သီလရှင်ဆရာလေးများအားလုံးကြွရောက်အလှူခံပေးပါရန်ပင့်လျှောက်ထားကြောင်း သိရသည်။

ထို့ကြောင့် ဆွမ်းကြီးခံလက်မှတ်များအား ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းမှစတင်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(စစ်ကိုင်း)၊ မဟာထေရာဝါသကျောင်းဆောင်(ပ ထမထပ်) ဦးပဝရထံတွင် နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိထုတ်ယူနိုင်ကြောင်း သိရသည်။

image