ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်
ယခု ၂၀၂၆ ခုနှစ်တွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဥ်များလျော့ကျရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ဒု- ဥက္ကဋ္ဌက ပြောသည်။
ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းကကျင်းပသည့် YRTC ၏ ၂၀၂၅ ခုနှစ်အတွက် YBS ယာဥ်မောင်းများအား "စံပြယာဥ်မောင်းဆု"၊ "ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစွမ်းဆောင်ဆုရ ကုမ္ပဏီအား ဂုဏ်ပြုဆု"၊ "တာဝန်ကျေပွန်ဆု"ချီးမြှင့်ခြင်းအခမ်းအ နား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
" ၂၀၂၆ ခုနှစ်မှာ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်တွေလျော့ကျပြီး သေဆုံး၊ ဒဏ်ရာရသူတွေကျဆင်းဖို့အ တွက် ယာဥ်မောင်းတွေ စနစ်တကျဖြစ်စေဖို့ကို အရှိန်အဟုန်မြှင့်ပြီး အလေးထားဆောင်ရွက်သွားမှာပါ"ဟု YRTC ဒု-ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် YBS ယာဥ်မောင်းများ စနစ်တကျဖြစ်စေရေး၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း YBS ယာဥ်မတော်တဆမှု(၇၃)မှု၊ သေဆုံးသူ(၃၆)ဦး၊ ဒဏ်ရာရသူ(၁၄၁)ဦးရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် YBS ယာဥ်မတော်တဆမှု(၇၀)မှု၊ သေဆုံးသူ(၃၀)ဦး၊ ဒဏ်ရာရသူ(၅၄)ဦးသာရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
" YBS ယာဥ်မောင်းကြီးတွေရဲ့ စည်းကမ်းလိုက်နာမှုဟာ YBS ရဲ့ပုံရိပ်ဖြစ်ပြီး YBS ယာဥ်မောင်းကြီးတွေရဲ့ ယဥ်ကျေးမှုဟာ ရန်ကုန်မြို့တော်ရဲ့ ယဥ်ကျေးမှုကိုထင်ဟပ်နေခြင်းဖြစ်တဲ့အတွက် အလေးထားလိုက်နာဆောင် ရွက်စေဖို့ကြပ်မတ်ပါမယ်။ YBS ယာဥ်တွေ မြို့တော်အ င်္ဂါရပ်နဲ့အညီဖြစ်စေဖို့၊ ကြမ်းခင်းပေါက်ပြဲမှုမရှိစေဖို့၊ ယာဥ်ကြံ့ခိုင်မှုရှိစေဖို့ကို အလေးထားကြပ်မတ်ဆောင် ရွက်သွားပါမယ်"ဟု ဒု-ဥက္ကဋ္ဌက ပြောသည်။
အခမ်းအနားတွင် စံပြယာဉ်မောင်းဆုရရှိသူ(၁၀၆)ဦး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကင်းရှင်းရေးစွမ်းဆောင်ဆုရ ကုမ္ပဏီ(၂)ခုတို့အား ဂုဏ်ပြုဆုနှင့် တာဝန် ကျေပွန်ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။