ဒစ်ဂျစ်တယ် မြန်မာနည်းပညာ နှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ပြင်ဦးလွင်မြို့ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့၌ကျင်းပ

ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့လည်ပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံတယ်လီပို့အဆောက်အဦး၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တက်ရောက်ခဲ့သည်။

ထိုသို့ တက်ရောက်ပြီးနောက် ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲအခမ်းအနားဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ဒီဂျစ်တယ်မြန်မာနှီးနှောဖလှယ်ပွဲနှင့်ပြပွဲကို အစိုးရ၏အုပ်ချုပ်ရေးယန္တ ရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ၌ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ရန်၊ စီး ပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်မြှင့်တင်ရန်၊ နည်းပညာရှင်များနှင့် လုပ်ငန်းခွင်ကြားချိတ်ဆက်မှုဖန်တီးရန်နှင့် နည်းပညာဂေဟစနစ်တစ်ခုတည်ဆောက်ရန်ရည်ရွယ်ချက်များဖြင့် ရတနာပုံမြို့သစ်တွင်ကျင်းပခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ပြသထားသည့် ပြ ခန်းတစ်ခုချင်းစီအလိုက်ကြည့်ရှုပြီး သိရှိလိုသည်များကိုမေးမြန်းကာ လိုအပ်သည်များအားမှာကြားကာ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနှင့် ပြပွဲ (Digital Myanmar Forum and Exhibition)ကို “ဉာဏ်ရည်တု နည်းပညာခေတ် မြန်မာနိုင်ငံ၏ နည်းပညာအ နာဂတ်ကို ပုံဖော်ခြင်း (Digital Myanmar: Shaping Myanmar's Digital Future in the Age of AI) ဟူသည့် ခေါင်းစဥ်ဖြင့် ဖေဖော်ဝါရီ ၂၈ ရက်အထိကျင်းပသွားမည်ဖြစ်ကာ ဝန်ကြီးဌာနများနှင့် ပြည်တွင်း/ပြည်ပ နည်းပညာကုမ္ပဏီများမှ ပြန်ခန်းများပြသထားရှိသည်။

image