အငြင်းပွားဖွယ် နိုင်ငံ အပြောင်းအလဲ ပြုလုပ်လာတဲ့ ဗြိတိန်သမိုင်းတွင် အသက်အငယ်ဆုံးစီနီယာကစားသမား
==================
ချဲလ်ဆီးအကယ်ဒမီကစားသမားနှင့် ဂလီနာဗွန်အလယ်တန်းကစားသမားခရစ်အေသာတွန်ဟာ မြောက်အိုင်ယာလန်နိုင်ငံသားအဖြစ်မှ အိုင်ယာလန်နိုင်ငံသားအဖြစ်သို့ ပြောင်းလဲလာပါတယ်။

အေသာတွန်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက Lurgan Blues တွင် ကစားစဉ်အတွင်း အသက် ၁၃ နှစ်နှင့် ၃၂၉ ရက်ဖြင့် ပွဲကစားခွင့် ရရှိကာ ဗြိတိန်ဘောလုံးသမိုင်းတွင် အသက်အငယ်ဆုံး စီနီယာပွဲကစားခွင့် ရရှိသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ မြောက်အိုင်ယာလန်ယူ-၁၆ နှင့် ယူ-၁၇ တို့အတွက် ကစားဖူးသလို ၁ ဂိုးသွင်းထားပါတယ်။

အေသာတွန်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဂလီနာဗွန်မှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး အောက်တိုဘာလတွင် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရကာ ယူ-၁၇ နှင့် ယူ-၁၈ တို့အတွက် ပုံမှန်ကစားခွင့်ရနေပါတယ်။

အသက် ၁၇ နှစ်ရှိ ကစားသမားဟာ ဂလီနာဗွန်အကယ်ဒမီသို့ အသက် ၄ နှစ်အရွယ်ကတည်းက ပြောင်းလာခဲ့သူဖြစ်ပြီး မြောက်အိုင်ယာလန်ကိုယ်စားပြုကာ ယူရို ၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိရေး လူငယ်သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

သူဟာ ယခင်တုန်းက မြောက်အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ကစားရေးမှာ သူ့အိပ်မက် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပေမယ့်လည်း ယခုအခါမှာတော့ အိုင်ယာလန်နိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူလာပြီလည်း ဖြစ်ပါတယ်။

image