3 ရက် - ဘာသာပြန်ပါ။

မြဝတီမြို့နယ်၌ Online လိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် ရုရှားနှင့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၁၅၆)ဦးကိုဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေး ရွာအနီးတွင် Online လိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် ရုရှားနှင့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသား(၁၅၆)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသား(၁၄၈)ဦး၊ ထိုင်းနိုင်ငံသား(၃)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၃)ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား(၁)ဦးနှင့် ရုရှားနိုင်ငံသား(၁)ဦး(စုစုပေါင်း ၁၅၆ ဦး)ကို ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသည့် All In One ကွန်ပျူတာ (၁၁၀)လုံး၊ မိုဘိုင်းဖုန်း(၂,၂၀၀)လုံးနှင့် လုပ်ငန်းသုံးပ စ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မြဝတီမြို့မရဲစခန်းတွင်ထိန်းသိမ်းထားကာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ် တမ်းများစာရင်းကောက်ယူလျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုပြခဲ့သော ပစ္စည်းများအား ထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image