1 ရက် - ဘာသာပြန်ပါ။

အွန်လိုင်းငွေလိ-မ်လုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးကို ဖျ-က်ဆီးနေ--ဟွန်မာနက်

အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် တိုင်းပြည်၏ စီးပွားရေးကို ဖျ-က်ဆီးကာ တိုင်းပြည်ကို နာမည်ဆိုးဖြင့်ကျော်ကြားစေသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး ယင်းလုပ်ငန်းများတွင် အစိုးရပါဝင်ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များကို တုန့်ပြန်ချေပခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဒေါ်လာဘီလျံပေါင်းများစွာတန်သော လိ-မ်လည်မှုလုပ်ငန်းကို လည်ပတ်နေသည့် ရာဇဝတ်ဂိုဏ်းများအတွက် အဓိကနေရာတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး လိ-မ်လည်သူများသည် ကမ္ဘာတစ်ဝန်းရှိ အင်တာနက်အသုံးပြုသူများကို လုပ်ကြံအချစ်ဇာတ်လမ်းများနှင့် ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှုများလုပ်စေရန် သွေးဆောင်ဖြားယောင်းကြသည်။

“မှောင်ခိုစီးပွားရေးလို့ ခေါ်ဆိုတဲ့ အလိမ်အညာကွန်ရက်ဟာ ကျွန်တော်တို့ရဲ့ ရိုးသားတဲ့ စီးပွားရေးကို ဖျ-က်ဆီးနေပါတယ်။ ဒီဟာက ကမ္ဘောဒီးယားနိုင်ငံကို နာမည်ဆိုးနဲ့ ကျော်ကြားစေခဲ့ပါတယ်” ဟု ဟွန်မာနက်က နိုင်ငံတကာမီဒီယာတစ်ခုနှင့် ရှားရှားပါးပါး အင်တာဗျူးတွင် အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ယင်းလုပ်ငန်းများသည် ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒါကြောင့် ဒါကို ကျွန်တော်တို့ ရှင်းပစ်ဖို့ လိုပါတယ်”

အစိုးရအရာရှိများ၏ အဆိုအရ နှိမ်နင်းမှုအတွင်း လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီး ကမ္ဘောဒီးယားခေါင်းဆောင်များ၏ အကြံပေးဟောင်းတစ်ဦးကို မကြာသေးမီက တရုတ်သို့ တရားခံလွှဲပြောင်းပေးခဲ့သည်။

သို့သော် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူအချို့က ကမ္ဘောဒီးယားအစိုးရအရာရှိများနှင့် ဆိုက်ဘာလိ-မ်လည်မှုကွန်ရက်များအကြား ပတ်သက်မှုရှိနေသည်ဟူသော စွပ်စွဲချက်များကို ထောက်ပြ၍ ယင်းနှိမ်နင်းမှုများ၏ ယုံကြည်ရမှုကို စောဓက တက်ခဲ့ကြသည်။

အဆိုပါရာဇဝတ်မှုလုပ်ငန်းသည် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအချို့ကို သွယ်ဝိုက်၍ မြှင့်တင်ပေးခဲ့ပြီး အလုပ်အကိုင်များ ဖန်တီးပေးခဲ့ကြောင်း ဟွန်မာနက်က ဝန်ခံခဲ့သော်လည်း ကမ္ဘောဒီးယားသည် ယင်းလုပ်ငန်းကြောင့် အကျိုးအမြတ်ရနေသည်ဆိုသည်ကိုမူ ငြင်းဆိုခဲ့သည်။

ကမ္ဘောဒီးယားတွင် လူကုန်ကူးမှု သားကောင်ဖြစ်ရသူများစွာပါဝင်သော ခန့်မှန်းခြေ လူ ၁၀၀,၀၀၀ ခန့်ပါဝင်သည့် အွန်လိုင်းလိ-မ်ညာမှုများလုပ်နေသော လိ-မ်လည်မှုစင်တာဒါဇင်နှင့်ချီ၍ ရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

image