1 ရက် - ဘာသာပြန်ပါ။

ပါမောက္ခချုပ်ဆရာတော်ကြီးမှ ဆရာတော် (၅) ပါးအား ပညာဘူမိတက္ကသိုလ်၏ အမြင့်ဆုံးဘွဲ့ဖြစ်သော D.Litt ဘွဲ့ အား ကိုယ်တိုင်အပ်နှင်းတော်မူ

ပါမောက္ခချုပ်ဆရာတော်ကြီးမှ ဆရာတော်(၅)ပါးအား ပညာဘူမိတက္ကသိုလ်၏ အမြင့်ဆုံးဘွဲ့ဖြစ်သော ပါဠိစာပေပညာရှင် ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွဲ့အား ကိုယ်တိုင်အပ်နှင်းတော်မူခဲ့သည်။

ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ မဟာဂန္ဓာရုံကျောင်းတိုက်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်းမြို့(ကျမ်းအမည်- သဒ္ဒသင်္ဂ ဟပါဠိမဟာဗျာကရဏ(ပေမူ) (နှာ- ၈၆၅))၊ ဘဒ္ဒန္တသာသနဝရ စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်၊ ရန်ကုန်မြို့(ကျမ်းအမည်- ဂန္ထာဘရဏာဒိပကရဏစတုက္က (နှာ-၂၅၇))၊ ဘဒ္ဒန္တ အာဒိစ္စဝံသာလင်္ကာရ ဓမ္မာဓိပတိဓမ္မရိပ်သာ၊ လှည်းကူးမြို့(ကျမ်းအမည်- အင်္ကုရဋီကာ (နှာ-၄၄၂))၊ ဘဒ္ဒန္တသိရိန္ဒ ဓမ္မပါရဂူကျောင်း၊ ရှိမ္မကားရွာ၊ ဝက်လက်မြို့နယ်(ကျမ်းအမည်- ပရမတ္ထဝိသောဓနီဋီကာ (နှာ-၂၈၁))၊ ဘဒ္ဒန္တပညာနန္ဒာလင်္ကာရ မဟာမင်းထင်ကျောင်းတိုက်၊ မင်းဝံတောင်ရိုး၊ စစ်ကိုင်းမြို့ (ကျမ်းအမည်- နိရုတ္တိသာရမဉ္ဇူသာဋီကာ ( နှာ-၇၂ဝ)) တို့အား D.Litt ဘွဲ့အပ်နှင်းတော်မူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆရာတော်ကြီးများ ပြင်ဆင်သုတ်သင်တည်းဖြတ်ခဲ့ပြီး တက္ကသိုလ်သို့တင်သွင်းခဲ့သည့် ကျမ်းစာများမှာ နှစ်ပေါင်း (၁၀၀) ကျော်မှ နှစ်ပေါင်း (၄၄၈) နှစ်အကြာရှိ ကျမ်းစာများပါဝင်သည်။

ပေ၊ ပုရပိုက်များ၌သာရှိသော ပါဠိကျမ်းစာများနှင့် နှစ်ပေါင်းများစွာတည်းဖြတ်ခြင်းမရှိ၍ အရေးအသားချွတ်ချော်တိမ်းပါးလျက်ရှိသော ပါဠိကျမ်းအိပ်များကိုပြင်ဆင်တည်းဖြတ်ပြီး ပညာဘူမိတက္ကသိုလ် Academic Board အဖွဲ့သို့ တင်သွင်းသူအားစိစစ်ရွေးချယ်ကာ ပါဠိသတ္ထဝိဘာဝီ(ပါဠိစာပေပညာရှင်) Doctor of literature (D.Litt) ဘွဲ့အပ်နှင်းမည့် (မူဝါဒ) နှင့်အညီ အပ်နှင်းခဲ့ခြင်းဖြစ်သည်။

image