မြောင်မြို့နယ် ကြက်သွန်နီစိုက်တောင်သူများ စျေးကောင်းရရန် ချိတ်ဆက်ဆောင်ရွက်ပေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီ ဧက (၁၄၀၀) ကျော်အထိ နှုတ်သိမ်းပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနကသိရသည်။

မြောင်မြို့နယ်တွင် ဆောင်းသီးနှံ ကြက်သွန်နီကို ဧက (၁၈၀၀) ကျော် စိုက်ပျိုးထားရာ ဇန်နဝါရီလမှ စတင်နှုတ်သိမ်းခဲ့ရာ ဧက (၁၄၀၀) ကျော်နှုတ်သိမ်းပြီးနေပြီဖြစ်ရာ တစ်ဧကလျင် ကြက်သွန်နီပိသာချိန် (၄၀၀၀) ကျော်ထွက်ကြောင်းသိရသည်။

"ကြက်သွန်နီတွေ စျေးကွက်မှာ စျေးကောင်းရအောင် ချိတ်ဆက်ဆောင်ရွက်ပေးနေပါတယ်" ဟု စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ပြောသည်။

မြောင်မြို့နယ် ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်း ကြက်သွန်နီများရရှိရန် GAP နည်းစနစ်သုံးစိုက်ပျိုးကာ ကြာရှည်အထားခံနည်းများကို စိုက်ပျိုးရေးဌာနဝန်ထမ်းများက အသိပညာမျှဝေခဲ့ကြောင်း သိရသည်။

image