1 ရက် - ဘာသာပြန်ပါ။

စပိန်ဒုတိယတန်းအမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နေတဲ့ ကလပ်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ခရစ္စတီယာနိုရော်နယ်ဒို ဝယ်ယူလာ
=====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ စူပါစတားကစားသမားအဖြစ် ဘောလုံးလောကတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ ရပ်တည်လာခဲ့ပြီးတဲ့နောက် ကစားသမားဘဝ အလွန်တွင်လည်း အသင်းပိုင်ရှင်အဖြစ် ဆက်ရှိနေလာတော့မှာ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ စပိန်ဒုတိယတန်းကလပ် အယ်လ်မီရီယာတွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ပြီး တချိန်တွင် ဘောလုံးကလပ်ပိုင်ရှင် ဖြစ်လာရန် ရည်မှန်းထားကြောင်း ပြသလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အယ်လ်မီရီယာအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအား CR7 Sports Investments ကုမ္ပဏီမှ တဆင့် ဝယ်ယူ ရင်းနှီးမြှပ်နှံလာတာပါ။

စပိန်ဒုတိယတန်းကလပ်ကို လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ဆော်ဒီရင်းနှီးမြှပ်နှံသူများက ဝယ်ယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုလည်း ပါဝင် ရင်းနှီးမြှပ်နှံလာတာပါ။

ရော်နယ်ဒိုဟာ အယ်လ်မီရီယာပိုင်ရှင် ဆော်ဒီရင်းနှီးမြှပ်နှံသူများအဖွဲ့ခေါင်းဆောင် မိုဟာမက်အယ်ခီရီဂျီနှင့် ရင်းနှီးသူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက ယူနိုက်တက်မှ ထွက်ခွာလာစဉ် Al-Nassr သို့ ပြောင်းရွှေ့နိုင်အောင် ကြားဝင်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ယူဒီအယ်လ်မီရီယာအသင်းကို ၁၉၈၉ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ယခုရာသီ ဆီဂါဒန် ၂၇ ပွဲအပြီးတွင် ၄၈ မှတ်ဖြင့် တတိယနေရာတွင် ရပ်တည်နေပါတယ်။ ၎င်းတို့ဟာ ထိပ်ဆုံးမှ ရီးရဲလ်ရေဆင်းနှင့် ရမှတ် ၂ မှတ်တည်းသာ ကွာဟနေကာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပါတယ်။

image