1 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းအတွင်း ရိုးရာအိတ် သယ်ယူခွင့် ရရှိလာတဲ့ စကော့တလန်ပရိသတ်များ
====================
စကော့တလန်ပရိသတ်များဟာ နွေရာသီတွင် ကျင်းပလာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်များတွင် ဝတ်စုံတွင် ရိုးရာအိတ်ငယ်များ ချိတ်ဆွဲ ဝတ်ဆင်ခွင့် ပြုခြင်းခံလာရပါတယ်။

ထောင်ပေါင်းများစွာသော စကော့တလန်ပရိသတ်များဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့ စတိဗ်ကလပ်ခ်ရဲ့ စကော့တလန်အသင်းကို အမေရိကန်သို့ သွားရောက်အားပေးလာမယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားကွင်းများတွင် လက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် ကွင်းအတွင်း သယ်ယူခွင့်ပြုတဲ့ အိတ်အမျိုးအစားကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

စကောတ့လန်ရဲ့ ရိုးရာအိတ်ငယ်များမှာ လုံခြုံရေးစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီခြင်း မရှိမှုနှင့်အတူ ပိတ်ပင်ခံထားရပါတယ်။

ဒါပေမယ့် စကော့တလန်ဘောလုံးအဖွဲ့ချုပ်နှင့် ဖီဖာတို့အကြားတွင် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် စကော့တလန်ပရိသတ်များဟာ ကွင်းအတွင်းသို့ ရိုးရာအိတ်ငယ်အား ချိတ်ဆွဲ ဝင်ရောက်ခွင့် ရလာခဲ့ပါတယ်။

စကော့တလန်ဟာ ဘော်စတွန်တွင် ဟေတီ၊ မော်ရိုကိုတို့နှင့်ရင်ဆိုင်ရမှာ ဖြစ်ပြီး မိုင်ယာမီတွင် ဘရာဇီးနှင့် ရင်ဆိုင်ကစားရပါမယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းဖြင့် ပထမဆုံးအကြိမ် ကျင်းပလာမှာ ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့မှ မြို့ကြီး ၁၆ မြို့တွင် ကျင်းပသွားပါမယ်။

လက်ရှိ စည်းမျဉ်းအရ ဘော်စတွန်၊ မိုင်ယာမီရှိ ကွင်းများတွင် ကွင်းအတွင်းသို့ လွယ်အိတ်ကြီးများကိုသာ သယ်ယူခွင့်ပြုပြီး ထိုးဖောက်မြင်နိုင်တဲ့ ပလတ်စတစ်ဖြင့် ပြုလုပ်ထားရမယ့်အပြင် အရွယ်အစားမှာလည်း 12in x 12in x 6in (30cm x 30cm x 15cm) ထက် မကြီးရပါဘူး။

ဒါ့အပြင် ထိုးဖောက်မြင်ရခြင်းမရှိတဲ့ အိတ်ငယ်များကို သယ်ဆောင်ခွင့် မပြုမှုနှင့်အတူ စကော့တလန်ရိုးရာအိတ်ငယ်မှာ ပိတ်ပင်ထားခြင်းခံထားရပါတယ်။

စကော့တလန်ပရိသတ်များဟာ ကွင်းအတွင်း မဝင်ရောက်မီ ရိုးရာအိတ်ငယ်ကို ကွင်းအပြင်တွင် ချန်ထားရမှ ဖြစ်ပေမယ့် စကော့တလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုကြောင့် ကွင်းအတွင်းသို့ ယူဆောင်ခွင့် ရလာပြီ ဖြစ်ပါတယ်။

image