1 ရက် - ဘာသာပြန်ပါ။

ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပွဲတွင် ထမ်းစင်ဖြင့် ကွင်းထဲမှ ထွက်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်စတား
=====================
ရီးရဲလ်မက်ဒရစ်စတားရာအူးလ်အဆန်စီယိုဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ဘင်ဖီကာနှင့် ရင်ဆိုင်ကစားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်တွင် မတော်တဆမှုကြောင့် လူနာတင်ထမ်းစင်ဖြင့် ကွင်းပြင်သို့ ထွက်ခဲ့ရပါတယ်။

တစ်ဂိုးစီသရေကျနေတဲ့ ဒုတိယပိုင်းတွင် နောက်ခံလူဟာ ဘောလုံးရရှိရေး ကြိုးပမ်းစဉ် ကစားဖော်အက်ဝတ်ဒိုကာမာဗန်ဂါနှင့် ထိခိုက်မိခဲ့တာလည်း ဖြစ်ပါတယ်။

ကစားသမားနှစ်ဦးလုံးတို့ မတော်တဆတိုက်မိကာ ဆိုးဆိုးရွားရွားလဲကျခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၂၃ နှစ်ရှိ အဆန်စီယိုကို ရီးရဲလ်မက်ဒရစ်ဆေးအဖွဲ့က ကုသမှု ပြုလုပ်ခဲ့ရပြီး လူနာတင်ထမ်းစင်ဖြင့် ကွင်းပြင်သို့ သယ်ထုတ်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာဟာ အဆန်စီယိုရဲ့နေရာမှာ ဒေးဗစ်အလာဘာနှင့် လူစားလဲလှယ်ခဲ့ပြီး ကာမာဗန်ဂါရဲ့နေရာတွင်လည်း ဖရန်ကိုမာစတန်တူအိုနိုနှင့် လူစားလဲလှယ်ခဲ့ရပါတယ်။ ကာမာဗန်ဂါကတော့ အကူအညီမပါဘဲ ကွင်းပြင်သို့ ထွက်ခွာနိုင်ခဲ့ပါတယ်။

မနေ့ညက ပွဲတွင် ရီးရဲလ်မက်ဒရစ်ဟာ ရာဖာဆေးလ်ဗားရဲ့ ဂိုးဖြင့် ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ၂ မိနစ်အကြာမှာ ချူကွာမီနီရဲ့ဂိုးဖြင့် ပြန်လည်ချေပနိုင်ခဲ့ကာ ဗီနီရှပ်စ်ရဲ့ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘင်ဖီကာကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဖြင့် အနိုင်ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ခဲ့ပါတယ်။

image