1 ရက် - ဘာသာပြန်ပါ။

ဗြိတိန်မော်ဒယ်လိုင်လီရိုးလန်းနှင့် သတင်းထွက်လာတဲ့ လာမိန်းယာမဲလ်
=====================
ဘာစီလိုနာစူပါစတားလာမိန်းယာမဲလ်ဟာ ဗြိတိန်မော်ဒယ်နှင့် influencer လိုင်လီရိုးလန်းနှင့် ချစ်ကြိုက်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

ဆယ်ကျော်သက်ကစားသမားဟာ ဆိုရှယ်မီဒီယာတွင် ရိုးလန်းအား Like ပေးလာတဲ့အပြင် ဗြိတိန်မော်ဒယ်ကလည်း မကြာသေးမီတုန်းက နူးကမ့်အထိ လာရောက်ကာ ပွဲကြည့်ခဲ့မှုနှင့်အတူ ၎င်းတို့အကြား နီးစပ်မှုရှိနေပြီလို့ ယူဆခြင်းခံလာရတာလည်း ဖြစ်ပါတယ်။

ယာမဲလ်ဟာ အာဂျင်တီးနားရက်ပါ နစ်ကီနီကိုလီနှင့် လအတန်ကြာ တွဲပြီးနောက် ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းတွင် လမ်းခွဲပြီးနောက် ချစ်သူလက်မဲ့ ဖြစ်လာခဲ့တာပါ။

ABC မှ သတင်းထောက် အန်နာဂါဂူက "လာမိန်းယာမဲလ်ကလည်း အခြားဘောလုံးသမားတွေလိုပဲ သဘောမကျတဲ့ မိန်းကလေးဆိုရင် Follow မလုပ်ဘူး။ ဒါပေမယ့် လာမိန်းယာမဲလ်ဟာ လိုင်လီရိုးလန်းရဲ့ ပို့စ်တွေကို Like ပေးလာတာ တွေ့ရတယ်။ ဒါက ထူးဆန်းတယ်။ လိုင်လီကလည်း လာမိန်းယာမဲလ်ရဲ့ ပို့စ်တွေကို Like ပေးလာတာ တွေ့ရတယ်"လို့ ပြောကြားသွားပါတယ်။

လိုင်လီရိုးလန်းက ဗြိတိန်ဖွား မော်ဒယ်တစ်ဦး ဖြစ်ပြီး Casablanca ၊ Yves Saint Laurent၊ Dior နှင့် Armani Beauty စတဲ့ အမှတ်တံဆိပ်များအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပါတယ်။

သူမဟာ Instagram ၊ TikTok တို့တွင် ဖော်လိုဝါသန်းပေါင်းများစွာ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး အလှအပ၊ မိတ်ကပ်၊ ဖက်ရှင်းနှင့် လူ့နေဘဝစတိုင်တို့နှင့်ပတ်သက်ပြီး ပို့စ်များ တင်လေ့ ရှိပါတယ်။

သူမရဲ့ အင်စတာဂရမ်ပရိုဖိုင်းတွင် ဘာစီလိုနာဝတ်စုံဖြင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ထားသူလည်း ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ လာမိန်းယာမဲလ်ဟာ ငယ်ငယ်ရွယ်ရွယ်ပြီး ကွင်းအတွင်း နာမည်ကြီးကာ ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်လာပြီးနောက် ကွင်းပြင်ပတွင် သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီးများနှင့် တွဲလာသူ ဖြစ်ပါတယ်။

image