20 hrs - Translate

သိန်း ၅၀ မပြည့်တဲ့စျေးနဲ့ Galaxy S26 Ultra ကတော့ တန်တယ် 👀
.
မနေ့ညတုန်းက မိတ်ဆက်ခဲ့တဲ့ Samsung Galaxy S26 Series ကို မြန်မာနိုင်ငံမှာ တရားဝင် Pre-order မှာယူနိုင်မယ့်စျေးနှုန်းတွေကို သိရပြီဖြစ်ပါတယ်။
Samsung Galaxy S26 Series ဖုန်းတွေကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကနေ မတ်လ (၁၇)ရက်နေ့အတွင်း မြန်မာနိုင်ငံမှာ Pre-order တင်ပြီး (၈)သိန်းကျော်အထိ တန်ဖိုးရှိ Double Storage လက်ဆောင်အပြင် အထူးအခွင့်အရေးများအဖြစ် (၆) လ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူခွင့်၊ (၁၈) လအထိ Samsung Care+ အကာအကွယ် နှင့် Official Warranty (၂) နှစ် စတာတွေကို ရရှိနိုင်မှာပါ။
Pre-order မှာယူနိုင်မယ့် စျေးနှုန်းတွေအနေနဲ့ကတော့ -
Galaxy S26 (128G - 3,827,000 MMK (Free Upgrade to 256G
Galaxy S26 (256G - 4,239,000 MMK (Free Upgrade to 512G
Galaxy S26+ (128G - 4,393,000 MMK (Free Upgrade to 256G
Galaxy S26+ (256G - 4,907,000 MMK (Free Upgrade to 512G
Galaxy S26Ultra (128G - 4,995,000 MMK (Free Upgrade to 256G
Galaxy S26Ultra (256G - 5,612,000 MMK (Free Upgrade to 512G
အရောင်အနေနဲ့ကတော့ Cobalt Violet | White | Black နဲ့ Sky Blue အရောင်တွေအပြင် Online Exclusive - Pink Gold အရောင်ကို ရွေးချယ်နိုင်မယ်လို့ သိရတယ်။​
ဆိုတော့ ဒီစျေးတွေကို ဘယ်လိုမြင်ကြလဲ... Pre-order မှာယူနိုင်မယ့် Link ကိုတော့ Comment မှာ ကြည့်လို့ရပါတယ်။​

image