အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ထိရောက်လျင်မြန်စွာရောက်ရှိရေး မြန်မာနိုင်ငံအစိုးရနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတိုက်တွန်း
အမှန်တကယ်အကူအညီလိုအပ်နေသူများနှင့်ပတ် သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ AHA Centre အမှုဆောင်ဒါရိုက်တာနှင်တွေ့ဆုံစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် အာဆီယံ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)၊ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်းတို့သည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးမှ မန္တလေးငလျင်ကာလအတွင်းအကူအညီပေးအပ်ခဲ့မှုအပါအဝင် AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ပြီး အမှန်တကယ်အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများထိရောက် လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့်နီးကပ်စွာဆက်လက်ပူးပေါင်းဆောင်ရွက်ရန်တိုက် တွန်းပြောကြားသည်။
ထို့ပြင် လူသားချင်းစာနာမှုအကူအညီများပေးရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အရေး ကြီးမှု၊ မြန်မာအစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံပို့ ဆောင်ရာ၌ AHA Centre ၏ဆောင်ရွက်ချက်များကို ပံ့ပိုးပေးခဲ့မှု၊ မြန်မာနိုင်ငံအတွင်း AHA Centre ၏ လုပ် ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့်ဆက်လက်ပံ့ပိုးပေးသွားမည်တို့ကိုလည်း အသိပေးပြောကြားခဲ့သည်။
ထို့အတူ မစ္စတာလီယန်မင်းမှလည်း AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေး ဇူးတင်သည်ဟုပြောကြားပြီး AHA Centre မှ ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးအပ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။