ရန်ကုန်သို့ကြွနေသည့် မိုင်းဖုန်းဆရာတော်မှပြည်သူအများမေတ္တာပွားရန် အချိန်အခါဖြစ်ကြောင်းမိန့်
သာသနာပြုခရီးစဥ်ကြွချီတော်မူနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ရောက်ရှိရာအရပ်ဒေသတိုင်း၌ မေတ္တာပွားရန်နှင့် သတိပဋ္ဌာန်တရားပွားများကြရန်မိန့်ကြားတော်မူခဲ့သည်။
ပြည်သူအများမေတ္တာပွားရန်၊သတိပဋ္ဌာန်တရားပွားများကြရန်၊ အချိန်အခါဖြစ်ကြောင်း အထပ်ထပ်မိန့်ကြားတော်မူခဲ့သည်။
ယနေ့တွင် ၉ မိုင်ရှမ်းကျောင်း၌ အပူဇော်ခံလျှက်ရှိသည်။နက်ဖြန်တွင်လည်း ရန်ကုန်ရှိ ဒကာရင်းများထံ ကြွရောက်မည်ဖြစ်ကြောင်းနှင့် နေပြည်တော်သို့လည်းဆက်လက်ကြွချီမည်ဟုသိရသည်။
နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးများနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများကို ရန်ကုန်မြို့သို့ ရောက်ရှိတော်မူနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်က ကမ္ဘာအေး ဝိဇယမင်္ဂလာ ဓမ္မသဘင်ဗိမာန်တော်၌ ဂါရဝပြုပူဇော်ကန်တော့ခဲ့သည်။
အဆိုပါ မိုင်းဖုန်းဆရာတော်ကြီး၏ သာသနာပြုခရီးစဥ်အား ကမ္ဘာဇအုပ်စု၏ နာယကကြီးဦးအောင်ကိုဝင်းနှင့်ဇနီး၊ BOD အဖွဲ့ဝင်များက စီစဥ်လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။
Photo Credit- Shell Htoo Lay May May