ဆွာချောင်းတံတား(အပြန်လမ်း) အသစ်အား တည်ဆောက်လျက်ရှိ

မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဆွာချောင်းတံတား ပျ-က်စီးမှုများရှိခဲ့ရာ
လတ်တလောတွင် ဆွာချောင်းတံတား (အသွားလမ်း)အား အရေးပေါ် ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သည်ဟု သိရသည်။

ထို့ပြင် ပေ(၉၀၀)ရှိသည့် ဆွာချောင်းတံတား(အပြန်လမ်း) အသစ်ကိုလည်း တည်ဆောက်လျက်ရှိသည်ဟု သိရသည်။

ထိုကဲ့သို့ တည်ဆောက်နိုင်ရန် ဆွာချောင်းတံတား(အပြန်လမ်း) တံတားဟောင်းကို ၂၀၂၅ ဧပြီလတွင် ဖြိုဖျက်ခဲ့ရသည်ဟု သိရသည်။

“အပြန်လမ်းတံတားကတော့ ပျ-က်စီးမှုပိုများပြားပါတယ်၊ အခု တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၆ နေပြည်တော်နဲ့ အထူးအဖွဲ့ ၁၀ လှည်းကူး နှစ်ဖွဲ့ကို ပူးတွဲ တာဝန်ပေးထားပါတယ်။ အရှည်က ပေ ၉၀၀ ရှိမှာဖြစ်ပြီး တံတားခန်းဖွဲ့အနေနဲ့ ပေ၉၀၊ ၁၀ ခန်းရှိမှာဖြစ်ပါတယ်” ဟု ဦးမျိုးသက်ထွန်း( ဒုတိယညွှန်ကြားရေးမှူး၊ မြို့ပြ)က ပြောသည်။

ထို့ပြင် ယာဉ်သွားလမ်း အကျယ် ၂၈ ပေရှိမည်ဖြစ်ကာ ရေလမ်းကင်းလွတ် အကျယ် ၇၄ပေရှိမည်ဖြစ်သည်။

ထို့အတူ ရေလမ်းကင်းလွတ်အမြင့် ၁၃ ပေ ၁၀ လက်မရှိမည် ဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်း၏ အဓိကကျသည့် လမ်းမကြီးတခုဖြစ်သောကြောင့် ဆွာချောင်းတံတားအား သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ အထူးအဖွဲ့၆ နေပြည်တော်နှင့် အထူးအဖွဲ့၁၀ လှည်းကူးတို့မှ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

image