1 w - Translate

အမွေးစားခံရဖို့ တိရစ္ဆာန်ဂေဟာလာတဲ့သူတွေကို ပြုံးပြတဲ့ ခွေးလေး
တိရစ္ဆာန်ဂေဟာက ခွေးလေးတစ်ကောင်ဟာ အပြုံးလေးနဲ့ လူထောင်ပေါင်းများစွာရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲ့ဒီခွေးလေးကတော့ တောင်ကာရိုလိုင်းနားပြည်နယ်က The Marion County Animal Shelter မှာ နေထိုင်ခဲ့တဲ့ ၁ နှစ်သားခွေးလေး ဘီလီဂျင်းပါပဲ။ သူ ထာဝရနေထိုင်နိုင်မယ့် အိမ်ကို ရှာနေခဲ့တဲ့ ဘီလီရဲ့ဓာတ်ပုံတွေကို တိရစ္ဆာန်ဂေဟာက မျှဝေခဲ့ပြီးတဲ့နောက် လူမှုကွန်ယက်မှာ လူသိများသွားကာ မွေးမယ့်သူပေါ်လာခဲ့ပါတယ်။
ဘီလီက သူ့သခင်ဖြစ်သူ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာကို ပြောင်းရွှေ့ခဲ့ပြီးနောက် တိရစ္ဆာန်ဂေဟာကို ရောက်လာခဲ့တာပါ။ သူ တိရစ္ဆာန်ဂေဟာကို မရောက်လာခင်က သူ့သခင်တစ်ယောက်တည်းနဲ့ နေထိုင်ပြီး အခြားတိရစ္ဆာန်တွေနဲ့ မနေခဲ့ဖူးတာကြောင့် တိရစ္ဆာန်ဂေဟာကို ရောက်လာချိန်မှာ ကြောက်နေခဲ့ပါတယ်။
ဒါကို သိတဲ့ တိရစ္ဆာန်ဂေဟာက ဘီလီကို အခြားခွေးတွေနဲ့ ဖြည်းဖြည်းချင်းသိအောင် လုပ်ပေးခဲ့ပါတယ်။ ဘီလီက လူတွေကို ချစ်ပြီး အရမ်းနူးညံငြင်သာပါတယ်။ သူ့ကို လူတွေကြည့်ဖို့လာတဲ့အချိန်ဆို ပြုံးပြပါတယ်။ သူ့ရဲ့အပြုံးတွေ ဘယ်လောက်ချိုမြိန်လဲဆိုတာကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ တိရစ္ဆာန်ဂေဟာက သူ့ရဲ့ဓာတ်ပုံတွေတင်ခဲ့ပြီး ၂ ရက်အကြာမှာ ဘီလီရဲ့အပြုံးကို မြင်ခဲ့တဲ့ တိရစ္ဆာန်ချစ်သူတစ်ယောက်က ဘီလီကို တရားဝင်မွေးစားလိုက်ပါတယ်။
မကြာသေးခင်ကမှ တိရစ္ဆာန်ဂေဟာက အမြီးနှံ့ကာ ပျော်ရွှင်နေတဲ့ ဘီလီရဲ့ပုံကို "ဘီလီလေး သူ့ရဲ့အိမ်အသစ်မှာ ကျန်းမာပျော်ရွှင်နေပြီ"ဆိုတဲ့စာသားလေးနဲ့ တင်ထားပါတယ်။

image