ရန်လိုတဲ့ ဒက်ရှန်ခွေးအား လေ့ကျင့်ပေးရန် ပရော်ဖက်ရှင်နယ်ခွေးလေ့ကျင့်ရေးသမားအား တစ်ပတ် ပေါင် ၁၀၀၀ ဖြင့် ငှားရမ်းခဲ့ရတဲ့ ဖောရက်စ်စတား
=====================
ပရီးမီးယားလိဂ်စတားရိုင်ယန်ယိတ်စ်ဟာ ရန်လိုနေတဲ့ အိမ်မွေးခွေး ဒက်ရှန်အား လေ့ကျင့်ပေးရန်အတွက် ပရော်ဖက်ရှင်နယ်ခွေးလေ့ကျင့်ရေးသမားအား တစ်ပတ်ပေါင် ၁၀၀၀ ပေးပြီး ငှားရမ်း သင်ကြားပေးစေခဲ့ကြောင်း သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ်အလယ်တန်းကစားသမားဟာ အိမ်တွင် မွေးထားတဲ့ Peanut မှာ ကော်ဖီဆိုင်များတွင် လူများအား အမြဲတစေ ရန်လိုနေမှုနှင့်အတူ ယခုကဲ့သို့ ကျွမ်းကျင်သူများ ခေါ်ယူလာရတာလည်း ဖြစ်ပါတယ်။

အသက် ၂၈ နှစ်ရှိ ယိတ်စ်နှင့် ချစ်သူ အမ်မာတို့ဟာ နာမည်ကျော် စယ်လီများ ငှားရမ်း အသုံးပြုလေ့ရှိတဲ့ Platinum K9 ကို ဆက်သွယ်ကာ Peanut အား လေ့ကျင့်စေခဲ့တာပါ။

ယိတ်စ်ဟာ ဖောရက်စ်ကစားဖော်ခရစ်ဝုဒ်ရဲ့ အကြံပေးမှုဖြင့် ဆောက်ဝဲလ်နော့အခြေစိုက် ကုမ္ပဏီအား အသုံးပြုလာတာပါ။

ယင်းကုမ္ပဏီရဲ့ တစ်ပတ်ငှားရမ်းသင်ကြားခမှာ ပေါင် ၈၅၀ က စတင်တာ ဖြစ်ပြီး ပေါင် ၁၄၀၀ အထိ ရှိပါတယ်။

လေ့ကျင့်ရေးကြာချိန်မှာ နှစ်ပတ်မှ ခြောက်ပတ်အတွင်း ဖြစ်ပါတယ်။ ခရီးဝေးပါက နေစရိတ် တစ်ညလျှင် ပေါင် ၃၀ လည်း ပေးရပါသေးတယ်။

image