1 ပတ် - ဘာသာပြန်ပါ။

နွေရာသီတွင် အင်ဒရေအိုနာနာကို ရောင်းချလာတော့မယ့် ယူနိုက်တက်
===================
ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အင်ဒရေအိုနာနာအား ရောင်းချလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

အိုနာနာဟာ ယူနိုက်တက်တွင် အမှားများစွာ ပြုလုပ်ပြီး လက်စွမ်းမပြနိုင်မှုကြောင့် နွေရာသီတုန်းက တူရကီကလပ် ထရက်ဇွန်စပေါ်သို့ အငှားဖြင့် သွားကစာခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ တူရကီတွင် အငှားဖြင့် ကစားစဉ်အတွင်း လက်စွမ်းပုံမှန်မရှိဘဲ တက်လိုက် ကျလိုက် ဖြစ်နေမှုနှင့်အတူ ထရက်ဇွန်စပေါ်ဘက်က အပြီးသတ် ခေါ်ယူရန် အစီအစဉ် မရှိတော့ပါဘူး။

ယနေ့တွင် talkSPORT က ယူနိုက်တက်ဟာ ထရက်ဇွန်စပေါ်ဘက်က အပြီးသတ် ဝယ်ယူလိုမှုမရှိမှုနှင့်အတူ အိုနာနာအား အခြားကလပ်များသို့ ရောင်းချရေး ကြိုးပမ်းလာကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ အိုနာနာကို ၂၀၂၄ ခုနှစ်တုန်းက အင်တာမီလန်မှ ပေါင်သန်း ၅၀ ဝန်းကျင်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ အရန်ဂိုးသမားတွမ်ဟီတန်နှင့် နံပါတ် ၂ ဂိုးသမားအယ်တေးဘာယန်ဒါတို့ ထွက်ခွာလာမှာ ဖြစ်ပြီး ဂိုးသမားသစ် ခေါ်ယူအားဖြည့်လာပါမယ်။

ယူနိုက်တက်ရဲ့ နံပါတ်တစ်ဂိုးသမားနေရာကို ဆန်နီလမ်မင်က ရယူထားပြီး ယခုရာသီတွင် လက်စွမ်းပြကစားနေပါတယ်၊

လမ်မန်ဟာ ယူနိုက်တက်တွင် ကစားစဉ်အတွင်း အမှားမှ တဆင့် ဂိုးပေးရခြင်း မရှိသေးပါဘူး။

image