1 ပတ် - ဘာသာပြန်ပါ။

ယိုကီရေးစ် အကောင်းဆုံးပုံစံ ပြန်လာမှုနှင့်အတူ အာဆင်နယ်ထံမှ အပိုဆုကြေး ရရှိလာဖို့ သေချာသွားပြီဖြစ်တဲ့ စပို့တင်းလစ္စဘွန်း
===================
ဗစ်တာယိုကီရေးစ်ဟာ အာဆင်နယ်သို့ စတင်ရောက်တုန်းက အကောင်းဆုံးပုံစံ မပြနိုင်ပေမယ့် နောက်ပိုင်းတွင် အကောင်းဆုံးပုံစံ ဆက်တိုက် ပြသကာ သူ့အပေါ် လူအများ သံသယဝင်နေမှုအား ဖြေဖျောက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

တဖက်တွင် အာဆင်နယ်ဟာ ဗစ်တာယိုကီရေးစ် အကောင်းဆုံးပုံစံ ပြန်လည် ရရှိကာ ဂိုးများ သွင်းယူလာမှုနှင့်အတူ စပို့တင်းလစ္စဘွန်းအား အပိုဆုကြေး ထပ်မံ ပေးလာရတော့မှာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီသတင်းစာ O Jogo ရဲ့ ဖော်ပြလာမှုအရ အာဆင်နယ်ဟာ ဗစ်တာယိုကီရေးစ် အကောင်းဆုံးပုံစံ ရရှိလာမှုကြောင့် စပို့တင်းအား အပိုဆုကြေး ယူရို ၅၀၀၀၀၀ (ပေါင် ၄၃၀၀၀၀ )ပေးလာရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ ဆွီဒင်တိုက်စစ်မှူးအား နွေရာသီတုန်းက ယူရို ၆၃.၅ သန်း(ပေါင် ၅၄.၈ သန်း)ဖြင့် ခေါ်ယူစဉ်တုန်းက အသင်းရဲ့ သွင်းဂိုးများတွင် ဂိုး ၂၀ ပါဝင်ပတ်သက်တိုင်း ယူရို ၅၀၀၀၀၀ ပေးရမယ့်ဆိုတဲ့ အချက်အား ထည့်သွင်းချုပ်ဆိုခဲ့ရပါတယ်။

ဗစ်တာယိုကီရေးစ်ဟာ တနင်္ဂနွေနေ့ညတုန်းက စပါးစ်ကို ၄-၁ ဖြင့် အနိုင်ရတဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် ယခုရာသီတွင် အာဆင်နယ်အတွက် ၁၅ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ကာ ဂိုးတွင် ပါဝင်ပတ်သက်မှု ၁၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ကိုဗင်ထရီတိုက်စစ်မှူးဟောင်းအနေဖြင့် လက်ကျန်ရာသီပွဲစဉ်များတွင် နောက်ထပ် ဂိုးတွင် ပါဝင်ပတ်သက်မှု ၂ ကြိမ်ရှိလာပါက အာဆင်နယ်အနေဖြင့် စပို့တင်းအား ယူရို ၅၀၀၀၀၀ ပေးလာရပါမယ်။

စပို့တင်းလစ္စဘွန်းဟာ ဗစ်တာယိုကီရေးစ် ယခုရာသီတွင် အနည်းဆုံး ၄၅ မိနစ်ကစားရတဲ့ ပွဲ ၂၀ ပြီးသွားမှုနှင့်အတူ အာဆင်နယ်ထံမှ ယူရို ၁.၂၅ သန်း ရရှိထားပြီးလည်း ဖြစ်ပါတယ်။

သူဟာ ယခုရာသီတွင် အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၆ ပွဲကစားထားရာမှာ ၂၃၄၄ မိနစ်ကစားထားပါတယ်။

image