ဆော်ဒီပရိုလိဂ်အား Al-Nassr ဆက်လက် ဦးဆောင်နိုင်အောင် ထပ်မံ ဂိုးသွင်းကာ ကူညီလာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
===================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ နောက်ထပ် အရေးပါတဲ့ နိုင်ပွဲအဖြစ် Al-Najma အား ၅-၀ ဂိုးဖြင့် အနိုင်ရအောင် ထပ်မံ ဂိုးသွင်းကာ Al-Nassr အား ဆော်ဒီပရိုလိဂ်အား ဆက်လက် ဦးဆောင်နိုင်အောင် ကူညီလာပါတယ်။
Al-Nassr ဟာ မကြာသေးမီတုန်းက Al-Hazem ကို အနိုင်ရပြီးနောက် ဆော်ဒီပရိုလိဂ်အား ပြန်လည် ဦးဆောင်လာနိုင်ခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည နိုင်ပွဲကြောင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Al-Nassr ဟာ Al-Hilal မှာ ၂ ပွဲဆက် သရေကျလာမှုကို အခွင့်ကောင်း ယူနိုင်မှုနှင့်အတူ အမှတ်ပေးဇယားအား ၂ မှတ်ဖြတ်ကာ ဦးဆောင်လာနိုင်ခဲ့ပါတယ်။
မနေ့က အဝေးကွင်းပွဲစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုက ပွဲအစ ၇ မိနစ်မှာပင် ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုးသွင်းခဲ့တာ ဖြစ်ပြီး ကင်စလေကိုးမန်း၊ မာတီနက်ဇ်(၂ဂိုး)၊ ဆာဒေယိုမာနေးတို့ကလည်း အသီးသီး ဂိုးသွင်းခဲ့ကြပါတယ်။
မနေ့ညက ပင်နယ်တီဂိုးကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၉၆၅ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး ဂိုး ၁၀၀၀ ရည်မှန်းချက် ပြည့်ရန်အတွက် ၃၅ ဂိုးတည်းသာ လိုပါတော့တယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုနှစ်အစောပိုင်းတုန်းက Al-Nassr ပိုင်ရှင် PIF ရဲ့ မမျှမတ ဆက်ဆံမှုအပေါ် ဒေါသထွက်ကာ Al-Nassr အတွက် မကစားဘဲ သပိတ်မှောက်မှုကြောင့် အနာဂတ် မရေမရာ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ်တူဂီစူပါစတားက မကြာသေးမီတုန်းက ဆော်ဒီတွင် ပျော်ရွှင်နေပြီး Al-Nassr တွင်ပင် ရှိနေမှာ ဖြစ်ကြောင်း ပြောကြားကာ အနာဂတ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြုလုပ်ခဲ့ပါတယ်။