ရုပ်ဆိုးအကျည်းတန်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းကို အက်ဖ်အေ အရေးယူလာ
====================
အက်ဖ်အေဟာ မကြာသေးမီတုန်းက ပရီးမီးယားလိဂ်လန်ဒန်ဒါဘီပွဲစဉ်တွင် ရုပ်ဆိုးအကျည်းတန်တဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းတို့အား အရေးယူလာပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကစားတဲ့ ပွဲစဉ်ရဲ့ ပွဲနှောင်းပိုင်းတွင် နှစ်ဖက်ကစားသမားများ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာ ဖြစ်ပြီး နှစ်သင်းလုံးကို ဒဏ်ရိုက်လာပါတယ်။
ယင်းပွဲတွင် ဝက်စ်ဟမ်းရဲ့ အဒါမာထရာအိုရီနှင့် ချဲလ်ဆီးရဲ့မာ့ခ်ကူကူရယ်လာတို့ ပြဿနာစတက်ရာမှာ ဂျိုအာပီဒရိုလည်း ပါဝင်လာသလို နှစ်ဖက်ကစားသမားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ယခုအခါ အက်ဖ်အေက ကစားသမားများကို ထိန်းသိမ်းနိုင်ခြင်း မရှိမှုအတွက် ချဲလ်ဆီးကို ပေါင် ၃၂၅၀၀၀ နှင့် ဝက်စ်ဟမ်းကို ပေါင် ၃၀၀၀၀၀ အသီးသီး ဒဏ်ရိုက်လာပါတယ်။