AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓါတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project စတင်ဆောင်ရွက်နေ
စွမ်းအင်ကဏ္ဍတွင် AI နည်းပညာအသုံးပြုပြီး ပါးလွှာသဲကြောများမှ သဘာဝဓါတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး Pilot Project စတင်ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဖွ့ံဖြိုးရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ၁ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ပြောသည်။
ယမန်နေ့က ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင် ဖွ့ံဖြိုးရေးကော်မရှင် အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အတွက် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ပြည့်မီစေရေး ရနိုင်သည့်အရင်းအမြစ်များမှ ထုတ်လုပ်နိုင်ရေး ကြိုပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လျှပ်စစ်ဓါတ်အားတိုးတက်ထုတ်လုပ်မှုအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးဓါတ်အားပေးစက်ရုံသစ် သာစည် ၄၀ မဂ္ဂါ၀ပ် ကို အမျိုးသားဓါတ်အားကွန်ရက် နှင့် ချိတ်ဆက်ပို့ဆောင်နေပြီး သပြေ၀ ၄၀ မဂ္ဂါ၀ပ် ကိုလည်း မတ်လဆန်းတွင် ထပ်မံချိတ်ဆက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် LNG စီမံကိန်းမှ ၅၀၀ မဂ္ဂါ၀ပ် ဓါတ်အားပေးစက်ကိုလည်း ၂၀၂၆ ခုနှစ်တွင် စီးပွားဖြစ် ဓါတ်အားထုတ်လုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။