ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော် စတင်ကျင်းပ
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာ ဘုရားကြီး ၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ဖေဖော်ဝါရီ ၂၄ ရက်၊ နံနက်(၇)နာရီခန့်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲသို့ သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ဘုရားကြီး၏ဂေါပကအဖွဲ့ဝင်များ၊ မြိုမ/ဖများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးအား တပေါင်းလဆန်း ( ၉ ) ရက်မှ တပေါင်းလပြည့်ကျော် ( ၁ ) ရက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၃ ရက် အထိ (၈) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။