စက်ရုံမီးလောင်မှုများမကြာခဏဖြစ်ပေါ်နေ ဖေဖော်ဝါရီ ၂၄ ရက်ညပိုင်းကလည်း လှိုင်သာယာရှိ ဖွဲစက်ရုံ၌ Level 1 အဆင့်မီးလောင်

ယခုရက်ပိုင်းအတွင်း စက်ရုံမီးလေ-ာင်မှုများမကြာခနဖြစ်ပေါ်လျက်ရှိပြီး ဖေဖော်ဝါရီ ၂၄ ရက်ည ၁၀ နာရီ ၃၈ မိနစ်ခန့်ကလည်း လှိုင်သာယာမြို့နယ်ရှိ ဖွဲစက်ရုံတွင် မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ ဖွဲစက်ရုံတွင်မီးလေ-ာင်မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း ဆက်လက်လေ-ာင်ကျွမ်းနေသဖြင့် ည ၁၀ နာရီ ၄၇ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၁ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ မီးငြှိမ်းသတ်စဥ် အုတ်နံရံပြိုကျရာမှ လူမှုကူညီရေးအသင်းဝင်တစ်ဦးထိခို-က်ဒ-ဏ်ရာရရှိမှုနှင့် မီးခိုးမွှန်သူအချို့ရှိခဲ့ကြောင်း သိရသည်။

image