ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်မည်

ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်မည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။

ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဖေဖော်ဝါရီ ၂၄ ရက်က နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များကိုကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိ သားစုများအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြောက်ပြီး အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးရင် နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာပါ"ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးအနေ ဖြင့် ဆန္ဒမဲပေးသူ(၁၃ ဒသမ ၁၄)သန်းကျော်ရှိခဲ့ကာ မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တ ရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု ပြော သည်။

ထို့ပြင် မဲပေးပုံစနစ်ပြောင်းလဲခဲ့၍ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ပါတီငယ်များမှ ကိုယ်စား လှယ်များပိုမိုပါဝင်ခဲ့ကာ မကြာမီကာလဖြစ်သည့် မတ် ၁၆ ရက်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထ မပုံမှန်အစည်းအဝေး၊ မတ် ၁၈ ရက်တွင် တတိယအ ကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးများကျင်းပသွားမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

image