1 ပတ် - ဘာသာပြန်ပါ။

သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းမှုကြောင့် ယာဉ်မောင်းခွင့်ပိတ်ပင်ခံလာရတဲ့ ယူနိုက်တက်စတား
===================
ယူနိုက်တက်စတားလီနီယိုရိုဟာ အိမ်များနှင့် ကျောင်းတစ်ကျောင်းကို တစ်နာရီလျှင် ၇၂ မိုင်နှုန်းဖြင့် မောင်းနှင်ဖြတ်သန်းမှုနှင့်အတူ ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရပါတယ်။

ယူနိုက်တက်ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ပေါင် ၁၇၀၀၀၀ တန်ဖိုးရှိ Porsche Cayenne GTS ဖြင့် မောင်းနှင်စဉ် လုံခြုံရေးကင်မရာက မှတ်တမ်းရယူခြင်းခံခဲ့ရတာပါ။

တရားရုံးကြားနာမှုအရ အသက် ၂၀ နှစ်ရှိ ပြင်သစ်နောက်ခံလူဟာ တစ်နာရီလျှင် ၃၀ မိုင်နှုန်းဖြင့်သာ မောင်းနှင်နိုင်တဲ့ မန်ချက်စတာရှိ ဝစ်သင်တွန်တွင် မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တရားရုံးသို့ ယိုရို ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိပေမယ့် သူ့လုပ်ရပ်အတွက် ရှေ့နေများက ကိုယ်စား တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

ယိုရိုရဲ့ ရှေ့နေများက ပြင်သစ်နောက်ခံလူမှာ သူငယ်ချင်းတစ်ဦးအား မီးရထားဘူတာတွင် သွားကြိုရန် အလျှင်လိုနေချိန်တွင် လမ်းရှင်းနေမှုကြောင့် အလျှင်အမြန် မောင်းနှင်ခဲ့မိခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။

ယိုရိုဘက်က ယာဉ်အလျှင်အမြန်မောင်းနှင်မိကြောင်း ဝန်ခံပေမယ့်လည်း တရားရုံးက ယာဉ်မောင်းခွင့် ၆ လပိတ်ပင်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယိုရိုဟာ ဒဏ်ငွေ ၆၆၆ ပေါင် ၊ တရားစရိတ် ပေါင် ၁၂၀၊ ထပ်ဆောင်းငွေ ပေါင် ၂၆၆ တို့လည်း ပေးလာရပါတယ်။

image