3 ရက် - ဘာသာပြန်ပါ။

အစားအသောက် သန့်ရှင်းမှု မရှိမှုကြောင့် ပေါင် တစ်သောင်းကျော်ဒဏ်ရိုက်ခံလာရတဲ့ အိုးထရက်ဖို့ဒ်ကွင်းအနီးမှ ယူနိုက်တက်ကော်ဖီဆိုင်
===================
ယူနိုက်တက်အပြင်အဆင်များဖြင့် ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဟာ အစားအသောက်သန့်ရှင်းမှု မရှိကြောင်း ကျန်းမာရေးဆိုင်ရာဝန်ထမ်းများရဲ့ စစ်ဆေးတွေ့ရှိပြီးနောက် ပေါင်တစ်သောင်းကျော် ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

United Cafe ကို အိုးထရက်ဖို့ဒ်ကွင်းမှ ၃၂၀ မီတာအကွာ အိုးထရက်ဖို့ဒ်ကွင်းသို့ သွားရာ Sir Matt Busby Way လမ်းတွင် တည်ရှိပါတယ်။

ဒါပေမယ့် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက ၂၀၂၄ ခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလအတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးချိန်မှာတော့ ဒဏ်ရိုက်ခြင်းခံလာရပါတယ်။

ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက အစားအသောက်များတွင် ကြွက်ကိုက်ရာများ တွေ့သလို အစားအသောက်သိုလောင်ထားရာ နေရာများတွင်လည်း ကြွက်များ တွေ့ရှိရပါတယ်။

ကျန်းမာရေးဆိုင်ရာဝန်ထမ်းများဟာ ဩဂုတ်လတုန်းက နောက်ဆုံးအကြိမ် လာရောက်စစ်ဆေးပြီးနောက် ဆိုင်အား ၈ ရက်တိုင်တိုင် ပိတ်စေပြီး အစားအသောက် သန့်ရှင်းအောင် ပြုလုပ်ရေး ညွှန်ကြားခဲ့ပါတယ်။

ယင်းနောက် နိုဝင်ဘာလတွင် ကျန်းမာရးဆိုင်ရာဝန်ထမ်းတို့ သာမန်လူလို ဟန်ဆောင်ပြီး နောက်ထပ် တစ်ကြိမ် လာရောက်စစ်ဆေးချိန်တွင်လည်း အစားအသောက်များမှာ သန့်ရှင်းမှု မရှိကြောင်း တွေ့ရပါတယ်။

ကျန်းမာရေးဆိုင်ရာဝန်ထမ်းများအား ရောင်းချတဲ့ ဘာဂါတွင် ဂလူတင်များ ပါဝင်နေကြောင်း တွေ့ရပါတယ်။

ယခုပေါင်တစ်သောင်းကျော် ဒဏ်ရိုက်ခြင်းခံရတဲ့ United Cafe က ကလပ်နှင့် တစုံတရာဆက်စပ်မှုတော့ မရှိပါဘူး။

image