ယူနိုက်တက်နှင့်ပွဲစဉ်မှ အဲဗာတန်ရဲ့ထောင့်ကန်ဘောဗျူဟာကို WWE စတိုင်နှင့် ခိုင်းနှိုင်းလာတဲ့ ကိုဘီမိုင်နူး
===================
ကိုဘီမိုင်နူးဟာ အဲဗာတန်ရဲ့ ထောင့်ကန်ဘောဗျူဟာအား နပန်းကစားနည်း WWE နှင့်နှိုင်းယှဉ်မှု ပြုလုပ်လာပါတယ်။
ယူနိုက်တက်စတားဟာ အဲဗာတန်အား ၁-၀ ဂိုးဖြင့် အနိုင်ရကာ ယူနိုက်တက်အား အမှတ်ပေးဇယားအဆင့် ၄ နေရာသို့ တက်လှမ်းနိုင်အောင် ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ မာဆေးဆိုက်တွင် အဲဗာတန်အား အနိုင်ရရှိအောင် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။
တဖက်တွင် အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်ဟာ ပွဲမတိုင်မီကတည်းက ယူနိုက်တက်ရဲ့ အလွတ်တည်ကန်ဘော ကာကွယ်မှု အားနည်းမှုကို သတိပြုပုံရပါတယ်။
အဲဗာတန်ကစားသမားဟာ ဒေးဗစ်မိုယက်စ်ရဲ့ ညွှန်ကြားမှုနှင့်အတူ ထောင့်ကန်ဘော ရလာချိန်တွင် ယူနိုက်တက်ဂိုးသမားလမ်မန်အား ဘောလုံးကို အလွယ်တကူ မကာကွယ်နိုင်အောင် ဝိုင်းဝန်းပိတ်ဆို့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ရဲ့ ကစားသမားများမှာလည်း ရွေးချယ်စရာမရှိတော့ဘဲ အဲဗာတန်ကစားသမားများကို ပြန်လည်တွန်းထိုးမှု ပြုလုပ်ခဲ့ပါတယ်။
ပွဲအပြီးတွင် ကိုဘီမိုင်နူးဟာ အင်စတာဂရမ်တွင် အဲဗာတန်ရဲ့ ထောင့်ကန်ဘောဗျူဟာအား WWE မှ Royal Rumble နှင့် ခိုင်းနှိုင်းကာ ပို့စ်တင်သွားခဲ့ပါတယ်။