1 ပတ် - ဘာသာပြန်ပါ။

ယိုးဒယားပလာထိုမုန့်တီသုပ်
ပလာထူငါးမရှိရင် ငါးသေတ္တာ အစားထိုးသုပ်ပေးလို့ရပါတယ်
ပလာထူငါးပေါင်းကိုကြော်ပါ(မပေါင်းပဲကြော်လည်းရ) အသားနွှင်ထားမယ် ယိုးဒယားဝက်သားချောင်း(မူယော)လှီးထားပါ မုန့်တီကိုအဆင်သင့်ရွရွလေးဖွထားပါ
- ကြက်သွန်ဖြူ+မြေပဲ ( ကြိုက်ရင်ထည့်ပါ )
- ငရုတ်နီထောင့် /သကြား(သို့)ထန်းညက် ကိုထောင်းထား ပြီးတော့
အရည်ပုံစံရစေရန် ထောင်းထားတာထဲ ရေနွေးအနည်းငယ်ထည့်
( ထိုင်းငပိရည်သုံးပါ မကြိုက်ရင် မထည့်လည်းရ )
ငံပြာရည် /ပုဇွန်ခြောက်မှုန့် /အချို မှုန့်/ ငရုတ်လှော်မူန့် /သံပုရာရည် ထည့်ပြီး
အရည်ဖျော်ပါ။ ပြီးမှ မုန့်ဖတ်,မုန့်တီ ပဲသီး/ ဝက်သားချောင်း /နံနံပင်/ကြက်သွန်မြိတ်တို့ထည့်ပြီး အားလုံး သမအောင်မွှေလိုက်ရင်ရပါပြီ
ဒါဆို ထိုင်းမုန့်တီသုပ် နှစ်သက်ရာနဲ့တွဲဖက်စားသုံးလို့ရပါပြီး ။

image