စပါးစ်နှင့် မြောက်လန်ဒန်ဒါဘီပွဲတွင် ၂ ဂိုးသွင်းပြီးနောက် သီယာရီဟင်နရီ၊ ရော်ဘင်ဗန်ပါစီတို့ရဲ့ စံချိန်ကို လိုက်မီလာတဲ့ အီးဇီး
====================
အီဘီရီချီအီးဇီးဟာ တနင်္ဂနွေနေ့ညတုန်းက စပါးစ်နှင့် မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အာဆင်နယ်တိုက်စစ်မှူးများဖြစ်ကြတဲ့ သီယာရီဟင်နရီ၊ ရော်ဘင်ဗန်ပါစီတို့ရဲ့ စံချိန်ကို လိုက်မီလာပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ယခုရာသီအစောပိုင်းတုန်းက အမ်းမရိတ်တွင် ကစားတဲ့ မြောက်လန်ဒန်ဒါဘီပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး တနင်္ဂနွေနေ့ညပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် စပါးစ်နှင့် ၂ ပွဲရင်ဆိုင်ရာတွင် ၅ ဂိုးသွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အီးဇီးဟာ အမ်းမရိတ်ကွင်းတွင် စပါးစ်ကို ၄-၁ ဂိုးဖြင့်ပင် အနိုင်ရတဲ့ ပထမအကျော့ပွဲတွင် ဟက်ထရစ်သွင်းခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့ညပွဲတွင် ၂ ဂိုးထပ်မံ သွင်းခဲ့ပါတယ်။
သူဟာ တနင်္ဂနွေနေ့ညပွဲတွင် ၂ ဂိုးသွင်းယူနိုင်ပြီးနောက် ဟင်နရီနှင့် ဗန်ပါစီတို့ရဲ့ စံချိန်ကို လိုက်မီလာတာပါ။
သူဟာ စပါးစ်နှင့်ပွဲတွင် ၅ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရောဘတ်ပီးရက်စ်(၇ ဂိုး)နှင့် အီမန်နူရယ်အဒီဘာယော(၆ဂိုး)တို့ပြီးလျှင် အာဆင်နယ်ရဲ့ ဒါဘီဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်လာပါတယ်။
အီးဇီးဟာ ယခုရာသီတွင် ၁၄ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရထားသူဖြစ်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် ပွဲချိန်ပြည့် ကစားခွင့်မရလာခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် နောက်ထပ် လန်ဒါဘီပွဲစဉ်အဖြစ် ချဲလ်ဆီးနှင့် ရင်ဆိုင်ရပါမယ်။ အိုင်ဂေါ်ကျူဒိုကိုင်တွယ်နေတဲ့ စပါးစ်မှာလည်း လန်ဒန်ဒါဘီပွဲအဖြစ် ဖူလ်ဟမ်နှင့် ရင်ဆိုင်ရပါမယ်။